စပါးအသင်းရဲ့ အဂ်လန်ကြယ်ပွင့်နောက်ခံလူ စပန့်ကို အင်တာမီလန်ခေါ်ယူ

စီးရီးအေထိပ်သီး အင်တာမီလန်အသင်းဟာ စပါးအသင်းရဲ့ အဂ်လန်ကြယ်ပွင့် ညာနောက်ခံလူ စပန့်ကို ခေါ်ယူနိုင်ခဲ့ပြီလို့ အတည်ပြုကြေညာခဲ့ပါတယ်။
အင်တာမီလန်အသင်းအနေနဲ့ စပန့်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၃၀)အသုံးပြုခဲ့ရပြီး ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
ရီးယဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့တဲ့ ဒမ်ဖရိုင်းစ်နေရာအတွက် စပန့်ကိုခေါ်ယူခဲ့တာဖြစ်ပြီး သူ့အနေနဲ့ မီလန်မြေမှာ အောင်မြင်မှုတွေရယူနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။
အသက် (၂၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ စပန့်ဟာ ညာနောက်ခံလူအဖြစ်သာမက လိုအပ်ရင်ဘယ်နောက်ခံနေရာမှာပါ ပြောင်းလဲကစားနိုင်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အဂ်လန်အသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ကလပ်အသင်းတချို့ရဲ့ စိတ်ဝင်စားခြင်းကိုခံခဲ့ရပေမဲ့ စပန့်ကိုယ်တိုင်က အင်တာမီလန်အသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။

image