ဘိုင်ယန်မြူးနစ်ရဲ့ရာသီကြိုခြေစမ်းပွဲတွင် မူစီယာလာ မူးလဲကျခဲ့
==================
ဂျာမယ်မူစီယာလာဟာ ဘိုင်ယန်မြူးနစ်ရဲ့ ရက်ဘူးလ်လိုက်ဇစ်နှင့် ရာသီကြိုခြေစမ်းပွဲစဉ်တွင် အပူချိန်ကြောင့် ချွေးထွက်လွန်ကာ မူးလဲခဲ့ပါတယ်။

အစ္စမေးလ်ဆိုင်ဘာရီဟာ ကစားဖော်မူစီယာလာရဲ့အခြေအနေကို သိရှိသွားပြီးနောက် ကွင်းမြက်ခင်းမူးလဲမကျမီကတည်းက အပြေးရောက်လာပြီး ဖေးကူမခဲ့တာ တွေ့ရပါတယ်။

ဆိုင်ဘာရီက ဘိုင်ယန်မြူးနစ်တို့ ၃-၁ ဖြင့် ဦးဆောင်နိုင်ရေး မူစီယာလာ ဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာ အထက်ပါ အဖြစ်အပျက် ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။

ယင်းပွဲရဲ့ ပွဲချိန် ၈၃ မိနစ်မှာ မူစီယာလာက တတိယဂိုးအား သွင်းခဲ့ပေမယ့်လည်း အပူချိန် ၃၃ ဒီဂရီကြောင့် ချွေးထွက်လွန်မှု ဖြစ်ခဲ့တာပါ။

ရုပ်သံမှတ်တမ်းများအရ မူစီယာလာဟာ ဂိုးသွင်းယူပြီးနောက် ပွဲပြန်လည်စတင်ရေး စောင့်ဆိုင်းနေချိန်တွင် ချွေးထွက်လွန်ပြီး မူးလဲခဲ့တာပါ။

ချက်ချင်းပင် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ရောက်လာပြီး ဆေးကုသမှု ပြုလုပ်ပေးပြီးနောက် အရန်ခုံဘက်သို့ လက်မထောင်ပြခဲ့တာ တွေ့ရပါတယ်။

ယင်းနောက် မူစီယာလာဟာ လူစားလဲလှယ်မှု ပြုလုပ်ခဲ့ရပြီး ပရိသတ်များကလည်း သူ့အမည်ကို သံပြိုင်အော်ဟစ်အားပေးခဲ့ကြပါတယ်။

မူစီယာဟာ ပြီးခဲ့တဲ့ရာသီ ရာသီကြိုခြေစမ်းပွဲစဉ်တုန်းကလည်း ဆိုးရွားတဲ့ ခြေခေထာက်ကျိုးဒဏ်ရာရရှိခဲ့ကာ ၆ လအနားယူခဲ့ရပြီး ဘွန်ဒက်စ်လီဂါပွဲ ၁၆ ပွဲတည်းသာ ကစားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

image