ငွေကြေးပြဿနာကြောင့် LA Lakers ကို ကမ္ဘာ့စံချိန်တင်ကြေး ပေါင် ၉ ဘီလီယံဖြင့် ရောင်းချပြီးနောက် ချဲလ်ဆီးရှယ်ယာများကို ရောင်းချရန် ပူးတွဲပိုင်ရှင် ဆန္ဒရှိနေ
====================

ချဲလ်ဆီးပူးတွဲပိုင်ရှင်မတ်ဝေါလ်တားဟာ သူပိုင် ချဲလ်ဆီးအသင်းရဲ့ ရှယ်ယာများကို ရောင်းချရန် စီစဉ်နေကြောင်း သိရပါတယ်။

ဝေါလ်တားဟာ ချဲလ်ဆီးအသင်းရဲ့ ပူးတွဲပိုင်ရှင် BlueCo တွင် ရှယ်ယာ ၁၂.၈ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

သူဟာ ငွေကြေးပိုင်းပြဿနာများ တက်ပြီးနောက် LA Lakers ကို ကမ္ဘာ့စံချိန်တင်အားကစားကလပ်ရောင်းချဈေး ပေါင် ၉ ဘီလီယံ (ဒေါ်လာ ၁၂.၅ ဘီလီယံ)ဖြင့် ရောင်းချခဲ့ရပြီးလည်း ဖြစ်ပါတယ်။ သူဟာ LA Lakers ကို ဝယ်ယူပြီး တစ်နှစ်မပြည့်ခင်မှာပင် ပြန်ရောင်းလာတာပါ။

အမေရိကန်ရှေ့နေရုံးက ဝေါလ်တားနှင့် သူ့လုပ်ငန်းစု TWG Global က ဘီလီယံချီတဲ့ ချေးငွေများအား တတိယအဖွဲ့အစည်းမှ တဆင့် သူပိုင် အာမခံကုမ္ပဏီများထံ ရောက်ရှိနေမှုအပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပါတယ်။

Financial Times က FBI က ဝေါလ်တားအား စုံစမ်းစစ်ဆေးမှုတွင် အနည်းဆုံးဖုန်းတစ်လုံးအား သိမ်းဆည်းစစ်ဆေးပိုင်ခွင့် ဝရမ်း ရရှိထားကြောင်းလည်း ဖော်ပြသွားပါတယ်။

ဝေါလ်တားဟာ ယင်းသိ့ စုံစမ်းစစ်ဆေးမှုများ ခံရပြီးနောက် သူပိုင် LA Lakers ကို ဒေါ်နယ်ထရမ့်ရဲ့ သားမက်ရဲ့ ညီအစ်ကိုတော်စပ်သူ ဂျို့စ်ကကူရှ်နာထံ ရောင်းချခဲ့ရပါတယ်။

အသက် ၆၆ နှစ်ရှိ ဝေါလ်တားဟာ Blue Co က ပူးတွဲပိုင်ရှင်တဲ့ ချဲလ်ဆီးအပြင် လီဂူး ၁ ကလပ် စထရာဘော့ကိုလည်း ပိုင်ဆိုင်သူ ဖြစ်ပြီး Los Angeles Dodgers ဘော့စ်ဘောအသင်း၊ Los Angeles Sparks အမျိုးသမီးဘတ်စကက်ဘောအသင်းအပြင် အမျိုးသမီးရေခဲပြင်ကလပ်တို့ကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

image