သေနတ်နဖူးစည်းအတွင် ခရစ္စတယ်ပဲလေ့စ်ကို ဖောရက်စ်ပိုင်ရှင်မာရီနာကစ် တရားစွဲလာ
===================
နော်တင်ဟမ်ဖောရက်စ်အသင်းပိုင်ရှင်အီဗန်ဂျီလို့စ်မာရီနာကစ်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက Selhurst Park ကွင်းတွင် နဖူးစည်းတစ်ခု ပြသထားမှုအတွက် ခရစ္စတယ်ပဲလေ့စ်အား တရားစွဲဆိုလာပါတယ်။
ယင်းနဖူးစည်းတွင် မာရီနာကစ်က မော်ဂန်ဂစ်ဝှိုက်ရဲ့ ခေါင်းကို သေနတ်ဖြင့် ချိန်ထားတဲ့ပုံကို ပြသထားပြီး ယခုအခါ ဂရိသန်းကြွယ်သူဌေးက ပဲလေ့စ်အား တရားစွဲလာပြီ ဖြစ်ပါတယ်။
ဂစ်ဝှိုက်ဟာ နွေရာသီတုန်းက စပါးစ်သို့ ပြောင်းရေး ကြိုးပမ်းခဲ့ပေမယ့်လည်း နောက်ဆုံးတွင် စာချုပ်သစ်ချုပ်ဆိုခဲ့တာလည်း ဖြစ်ပါတယ်။
မာရီနာကစ်ရဲ့ ရှေ့နေများဟာ High Court တွင် အသရေဖျက်မှုဖြင့် ပဲလေ့စ်ကို တရားစွဲလာတာလည်း ဖြစ်ပါတယ်။
ဩဂုတ်လတုန်းက Selhurst Park တွင် တစ်ဂိုးစီသရေကျတဲ့ ပဲလေ့စ်နှင့် နော်တင်ဟမ်ဖောရက်စ်ပွဲစဉ်အတွင်းတွင် "Mr Marinakis is not involved in blackmail, match-fixing, drug trafficking or corruption."ဆိုတဲ့စာသားပါ နဖူးစည်းကို ချိတ်ဆွဲထားခဲ့တာပါ။
မာရီနာကစ်က သူ့အပေါ် စွပ်စွဲမှုအားလုံးကို ငြင်းဆိုထားပါတယ်။
အက်ဖ်အေဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတုန်းက ယင်းနဖူးစည်းအတွင် ပဲလေ့စ်ကို စွဲချက်တင် အရေးယူခဲ့ဖူးပါတယ်။
အင်္ဂလန်ကွင်းလယ်ကစားသမားမော်ဂန်ဂစ်ဘ်ဝှိုက်ဟာ ပြီးခဲ့တဲ့နှစ် နွေတုန်းက စပါးစ်သို့ စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၆၀ ဖြင့် ပြောင်းလုနီးပါး ဖြစ်ပြီးမှ စာချုပ်သစ်ချုပ်ဆိုခဲ့တာပါ။