2 ရက် - ဘာသာပြန်ပါ။

ဘာစီလိုနာနောက်ခံလူအရူဂျိုအား အငှားဖြင့် ခေါ်ယူလာတဲ့ လီဗာပူး
==================

လီဗာပူးဟာ ဘာစီလိုနာမှ ဥရုဂွေးဗဟိုနောက်ခံလူရော်နယ်အရူဂျိုကို အငှားဖြင့် ခေါ်ယူလာပါတယ်။
အသက် ၂၇ နှစ်ရှိ နောက်ခံလူဟာ ၂၀၁၈ ခုနှစ်တွင် ဥရုဂွေးကလပ် ဘော်စတွန်ရေးဗားမှ ဘာစီလိုနာသို့ ပြောင်းလာခဲ့သူ ဖြစ်ပြီး ညာနောက်ခံလူအဖြစ်လည်း ကစားနိုင်တဲ့သူ ဖြစ်ပါတယ်။
လီဗာပူးဟာ အရူဂျိုရဲ့ အငှားစာချုပ်အတွင်းတွင် လာမယ့် ၂၀၂၇ နှစ် နွေရာသီမှာ အပြီးသတ် ခေါ်ယူနိုင်မယ့် အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားပါတယ်။
အရူဂျိုက "သမိုင်းကြောင်း အများကြီးရှိတဲ့ ဒီကလပ်ကြီးသို့ ပြောင်းခွင့်ရလို့ အရမ်းစိတ်လှုပ်ရှားခဲ့ရတယ်။ ကစားဖော်တွေနဲ့ တွေ့ရလို့ စိတ်လှုပ်ရှားရတယ်။ စတင်ကစားရတော့မှာ ဖြစ်လို့ စိတ်လှုပ်ရှားရတယ်။ အရမ်း စိတ်အားထက်သန်နေပါတယ်။ ကျွန်တော့်ကစားသမားဘဝ ဒီလိုအဆင့်မျိုးမှာ အင်မတန်ကောင်းမွန်တဲ့ အပြောင်းအရွှေ့ပါ။ ကျွန်တော့်အတွက် လိုအပ်တဲ့ အပြောင်းအရွှေ့ပါ။ လီဗာပူးက စိတ်ဝင်စားနေတယ်လို့ သိလိုက်ရပြီးတဲ့နောက် အားလုံး အလျှင်အမြန်ဘဲ ဖြစ်ပျက်လာခဲ့တယ်"လို့ ပြောကြားသွားပါတယ်။
လီဗာပူးဟာ ပြင်သစ်လက်ရွေးစင်နောက်ခံလူအီဘရာဟမ်ကိုနာတေးအား ရီးရဲလ်မက်ဒရစ်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်လိုက်ရပြီးနောက် အရူဂျိုအား ခေါ်ယူကာ တိုက်ရိုက်အစားထိုးလာတာလည်း ဖြစ်ပါတယ်။
အရူဂျိုဟာ ဘာစီလိုနာအတွက် ပွဲပေါင်းနှစ်ရာကျော်ကစားထားကာ လာလီဂါဖလား ၃ ကြိမ်၊ ကိုပါဒယ်ရေးဖလား ၂ ကြိမ် ရရှိထားသူ ဖြစ်ပါတယ်။
သူဟာ ဇန်နဝါရီလတုန်းက တာစတီဂန် ထွက်ခွာသွားပြီးနောက် ဘာစီလိုနာအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။
ဘာစီလိုနာနှင့် ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ အရူဂျိုဟာ ပြီးခဲ့တဲ့ရာသီတုန်းက လာလီဂါတွင် ၁၁ ပွဲတည်းသာ ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။
လီဗာပူးဟာ ဩဂုတ်လ ၂၃ ရက်နေ့ စနေနေ့တွင် နယူးကာဆယ်နှင့် ပရီးမီးယားလိဂ်အဖွင့်ပွဲ ကစားရပါမယ်။

image