2 ရက် - ဘာသာပြန်ပါ။

ဖီဖာနှင့် အင်ဖန်တီနိုအား လှည့်စားမှုဖြင့် ယုံကြည်မှုကို ဖျက်ဆီးခဲ့တယ်လို့ ဘောလုံးအဖွဲ့ချုပ်ဥက္ကဌများ စွပ်စွဲလာ
====================

ယူအီးအက်ဖ်အေ၊ ကွန်ကာကပ်ဖ်နှင့် အာရှဘောလုံးအဖွဲ့ချုပ်တို့က ဖီဖာနှင့် ဥက္ကဌဂျီယန်နီအင်ဖန်တီနိုမှာ လှည့်စားမှု ပြုလုပ်ပြီး ယုံကြည်မှုကို အလွဲသုံးစားမှု ပြုလုပ်ခဲ့တယ်လို့ အိတ်ဖွင့်ပေးစာ ပေးပို့ပြီး စွပ်စွဲလာပါတယ်။
ဘောလုံးအဖွဲ့ချုပ်ဥက္ကဌများ၊ အထွေထွေအတွင်းရေးမှူးများက လက်မှတ်ရေးထိုးထားတဲ့ ယင်းအိတ်ဖွင့်ပေးစာထဲတွင် Fifa Forward Enterprise (FFE) အဆိုပြုချက် မှာ ဘောလုံးပွဲရဲ့ သမာဓိနှင့် ယင်းကို ဦးဆောင်ရန် ရွေးကောက်တင်မြှောက်ခြင်းခံထားရတဲ့သူများရဲ့သမာဓိလို့ ဆိုထားပါတယ်။
Fifa Forward Enterprise (FFE) မှာ ဖီဖာက ကြီးမှူးကျင်းပတဲ့ ကမ္ဘာ့ဖလားအပါအဝင် ပြိုင်ပွဲအားလုံးရဲ့ ကော်မာရှယ်ပိုင်းနှင့် လက်မှတ်ရောင်းချမှုပိုင်းကို ဦးဆောင်ကိုင်တွယ်မယ့် ကုမ္ပဏီသစ် ဖြစ်ပြီး ယင်းမှ ရှယ်ယာ ၂၁ ရာခိုင်နှုန်းကို ပုဂ္ဂလိက ရင်းနှီးမြှပ်နှံသူများထံ ရောင်းချသွားပါမယ်။
ဒါပေမယ့် အင်ဖန်တီဟာ ယင်းအစီအစဉ်အပေါ် ဝေဖန်မှုအမြောက်အမြား ကြုံရပြီးနောက် ဖျက်သိမ်းခဲ့ပါတယ်။
ယူအီးအက်ဖ်အေက ဖီဖာက ကျင်းပတဲ့ ပြိုင်ပွဲအားလုံးကို သပိတ်မှောက်လို့ပါ ခြိမ်းခြောက်ခဲ့ပါတယ်။
ယင်းစာထဲတွင် "လှည့်စားမှုကြောင့် ယုံကြည်မှု ပျက်ပြားလာစေတဲ့အခါ လူတစ်ယောက်ယောက်က သူ့အပေါ် အာဏာအပ်နှင်းထားတဲ့ လူအုပ်စုရဲ့အထက်မှာ ရှိတယ်လို့ ကိုယ့်ကိုယ်ကို ထားလာတဲ့အခါ တာဝန်တွေအားလုံး စွန့်လွှတ်လိုက်တာ ဖြစ်ပါတယ်။ ဘောလုံးမှာ ခေါင်းဆောင်ဆိုတာ ပိုင်ဆိုင်တဲ့အရာ မဟုတ်ပါဘူး။ ကိုင်တွယ်လို့ မရသလို တောင်းဆိုလို့လည်း မရပါဘူး။ ဆုပ်ကိုင်ထားတဲ့မယ့် အာဏာလည်း မဟုတ်ပါဘူး။ သူ့ကို ယုံကြည်စွာပေးအပ်တဲ့ ဘောလုံးမိသားစုအတွက် အလုပ်အကျွေးပြုဖို့ပါ"လို့ ဆိုထားပါတယ်။
ယင်းထုတ်ပြန်ချက်တွင် အင်ဖန်တီနိုရဲ့အမည်ကို ထည့်သွင်းဖော်ပြထားခြင်းတော့ မရှိပါဘူး။
ယင်းဘောလုံးအဖွဲ့ချုပ်တို့ဟာ အင်ဖန်တီနိုအား ရာထူးမှ နုတ်ထွက်ရေးအတွက် ဆက်လက် ဖိအားပေးလုပ်ဆောင်လာကြတာလည်း ဖြစ်ပါတယ်။
တဖက်တွင် ဖီဖာက အဖွဲ့အစည်းနှင့် အင်ဖန်တီနိုနှင့်ပတ်သက်ပြီး အခြေအမြစ်မရှိတဲ့ သတင်းများ ဖြန့်ကာ လုပ်ဆောင်နေကြောင်း ဝေဖန်မှုများ ပြုလုပ်ခဲ့ပါတယ်။
ဖီဖာဟာ ကမ္ဘာ့ဖလားအား ရောင်းစားမယ့် အစီအစဉ်အား ဖျက်သိမ်းခဲ့ရပြီးနောက် ဗုဒ္ဓဟူးနေ့တုန်းက မော်ရိုကိုနိုင်ငံ၊ ရာဘက်တွင် ဖီဖာအမှုဆောင်အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။

image