2 ရက် - ဘာသာပြန်ပါ။

ချဲလ်ဆီးနောက်ခံလူချာလိုဘာအား ကိုမို ခေါ်ယူအားဖြည့်လာ
===================

အီတလီကလပ်ကိုမိုဟာ ချဲလ်ဆီးမှ နောက်ခံလူထရီဗိုချာလိုဘာအား ပေါင်သန်း ၃၀ ကျော်အထိ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူလာပါတယ်။
အသက် ၂၇ နှစ်ရှိ အင်္ဂလန်နောက်ခံလူဟာ လာမယ့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားတဲ့ ဖာဘရီဂက်စ်ကိုင်တွယ်နေတဲ့ ကိုမိုနှင့် ၅ နှစ်စာချုပ်ချုပ်ဆိုလာပါတယ်။
ချဲလ်ဆီးဟာ ချာလိုဘာအတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၅.၇ သန်း ရရှိလာမှာ ဖြစ်ပြီး နောက်ထပ် ပေါင် ၅.၁ သန်းကို ထပ်ဆောင်းအနေဖြင့် ထပ်မံ ရရှိလာပါမယ်။
ချာလိုဘာဟာ အင်္ဂလန်အတွက် ၂ ပွဲကစားထားသူ ဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တတိယရရှိခဲ့တဲ့အသင်းတွင် နောက်ကျရွေးချယ်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။
သူဟာ ကလေးဘဝကတည်းက ချဲလ်ဆီးသို့ ရောက်လာခဲ့တာ ဖြစ်ပြီး နှစ်ပေါင်းနှစ်ဆယ်ကျော်အကြာမှာ စွန့်ခွာလာတာလည်း ဖြစ်ပါတယ်။
သူဟာ ချဲလ်ဆီးအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၁၅၁ ပွဲကစားပေးခဲ့ကာ ၂၀၁၈ ခုနှစ် အက်ဖ်အေဖလား၊ ၂၀၂၅ ခုနှစ် ကွန်ဖရင့်လိဂ်ဖလား၊ ၂၀၂၅ ခုနှစ် ကလပ်ကမ္ဘာ့ဖလားအပါအဝင် ဆုဖလား ၅ လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။
သူဟာ ဟက်ဒါဖီးလ်တောင်း၊ အစ္ဝှစ်ချ်၊ လိုရီယန့်၊ ခရစ္စတယ်ပဲလေ့စ်သို့လည်း အငှားဖြင့် သွားကစားခဲ့ဖူးပါတယ်။

image