2 ရက် - ဘာသာပြန်ပါ။

စိန်ခေါ်မှုများကိုဖြေရှင်းရာ၌ မျိုးဆက်သစ်လူငယ်များ၏ အရည်အချင်းများမှာအဓိကမောင်းနှင်အားများအဖြစ်ပါဝင်နေသည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင် လှိုင် ပြော

စိန်ခေါ်မှုများကိုဖြေရှင်းရာ၌ လူငယ်များအရေးကြီးသည့်အခန်းကဏ္ဍမှပါဝင်နေခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ယနေ့ သြဂုတ် ၁၂ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ MICC-1 ၌ "နောက်ခံမတူငြား၊ ရည်မှန်းတူထား၊ လူငယ်အား"ဆောင်ပုဒ်နှင့်အညီကျင်းပသည့် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားတွင် နိုင်ငံတော်သမ္မတက ပြောကြားခဲ့ခြင်းဖြစ်သည်။
ယနေ့ကမ္ဘာကြီး၌ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ၊ ဒီဂျစ်တယ်နှင့် ဉာဏ်ရည်တုနည်းပညာများဖွံ့ဖြိုးတိုး တက်လာခြင်းနှင့်အတူ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများ၊ သဘာဝဘေးအန္တရာယ်ရိုက်ခတ်မှုများ၊ လူမှုစီးပွားစိန်ခေါ်မှုများသည် နိုင်ငံတစ်နိုင်ငံချင်းစီ၏ နယ်နိမိတ်များကိုကျော်လွန်ပြီး ကမ္ဘာလုံးဆိုင်ရာဘုံအရေးကိစ္စများအဖြစ်ပေါ်ပေါက်လျက်ရှိသည်ဟု ပြောသည်။
" အဲ့ဒီ စိန်ခေါ်မှုတွေကို ဖြေရှင်းဆောင်ရွက်ရာမှာ မျိုးဆက်သစ်လူငယ်တွေရဲ့ တက်ကြွတဲ့ ပေါင်းစည်းအား၊ အခက်အခဲကိုအခွင့်အရေးအဖြစ်အသွင်ပြောင်းလဲနိုင်မှုအရည်အသွေးနဲ့ ဆန်းသစ်တီထွင်ဖန်တီးနိုင်မှုတွေက အဓိကမောင်းနှင်အားတွေအဖြစ်ပါဝင်နေပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။
ထို့ကြောင့် အနာဂတ်အတွက်အရေးပါသည့် စွမ်းအားစုများဖြစ်သော လူငယ်များ၏ ရည်မှန်းချက်နှင့် အခွင့်အလမ်းများကို ပိုမိုဖော်ဆောင်ပေးနိုင်ရန်နှင့် လူငယ်များ ကြုံတွေ့နေရသည့် အခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် ထိရောက်သည့်ပံ့ပိုးကူညီမှုများနှင့် ရင်းနှီးမြှုပ် နှံမှုများကို စနစ်တကျချဉ်းကပ်ဆောင်ရွက်ရန် အလွန်အရေးကြီးသည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

image