5 နာရီ - ဘာသာပြန်ပါ။

ကျွန်တော် ရန်ကုန်မှာနေတယ်။ မိုးကြီးတဲ့ညဆိုရင် မနက်အိပ်ရာနိုးတာနဲ့ လမ်းတွေရေလွှမ်းနေတာ တွေ့ရတယ်။ ကားတွေ သွားလို့မရဘူး။ ရုံးကိုလည်း မရောက်ဘူး။ ရေတွေက ခါးထိရောက်တယ်။
ရန်ကုန်မှာ ရေနုတ်မြောင်းစနစ်က မကောင်းဘူး။ မိုးနည်းနည်းရွာရင်တောင် လမ်းတွေရေလွှမ်းတယ်။ ဆိုင်တွေလည်း ပိတ်ရတယ်။
လွန်ခဲ့တဲ့ တစ်လလောက်က ရုပ်မြင်သံကြားမှာ တရုတ်နိုင်ငံရဲ့ မြို့ပြရေနုတ်မြောင်းစနစ်အကြောင်း တွေ့တယ်။ သူတို့က မြေအောက်ရေလွှဲမြောင်းကြီးတွေဆောက်ပြီး ရေတွေကို အမြန်ထုတ်ပစ်တယ်တဲ့။ မိုးကြီးပေမယ့် လမ်းတွေ ခြောက်နေတယ်တဲ့။
ကျွန်တော်တို့ရန်ကုန်မှာလည်း ဒီလိုရေနုတ်မြောင်းစနစ်မျိုး ဆောက်နိုင်ရင် မိုးရာသီမှာ သွားလာရတာ အဆင်ပြေမယ်။ ဆိုင်တွေလည်း ပိတ်စရာမလိုဘူး။ အနာဂတ်မှာ ဒီလိုဖြစ်လာမယ်လို့ မျှော်လင့်တယ်။