4 ရက် - ဘာသာပြန်ပါ။

မာဆေးဂိုးသမားရူလီကို ခေါ်ယူရန် မန်စီးတီး သဘောတူညီမှု ရရှိလာ
===================

မန်စီးတီးဟာ မာဆေးမှ အာဂျင်တီးနားဂိုးသမားဂီရိုနီမိုရူလီအား ပြောင်းရွှေ့ကြေး ပေါင် ၁.၇ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိလာပြီ ဖြစ်ပါတယ်။
အသက် ၃၄ နှစ်ရှိ ဂိုးသမားဟာ ၂၀၁၆-၁၇ ရာသီတုန်းက မန်စီးတီးတွင် ကျင်လည်ခဲ့စဉ်အတွင်း တစ်ပွဲမျှ ကစားခွင့်မရခဲ့ပေမယ့်လည်း ဒုတိယအကြိမ်မြောက် အီတီဟတ်သို့ ပြန်ရောက်လာတော့မှာ ဖြစ်ပါတယ်။
ရူလီဟာ ၂၀၂၁ ခုနှစ်တုန်းက ယူနိုက်တက်အား ဗီလာရီးရဲလ်တို့ အနိုင်ရတဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ပင်နယ်တီအဆုံးအဖြတ်မှာ ပင်နယ်တီကန်သွင်းခဲ့သလို ဒေးဗစ်ဒီဂီယာရဲ့ ပင်နယ်တီကို ကာကွယ်ကာ နာမည်ကြီးခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ အာဂျင်တီးနားအတွက် ၈ ပွဲကစားထားပြီး ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၄ ကိုပါအမေရိကဖလားတို့ ရယူထားပါတယ်။
သူဟာ ဆိုစီဒက်၊ မွန်ပယ်လီယာနှင့် အေဂျက်စ်အသင်းတို့တွင်လည်း ကစားခဲ့ဖူးပါတယ်။
မန်စီးတီးဟာ အင်္ဂလန်ဂိုးသမားဂျိမ်းစ်ထရက်ဖို့ဒ်အား လိဒ်သို့ ပေါင် ၄၅ သန်းဖြင့် ရောင်းလိုက်ပြီးနောက် ရူလီဖြင့် အစားထိုးလာတာလည်း ဖြစ်ပါတယ်။

image