စီယူတာနယ်စပ်အကြပ်အတည်းကြောင့် မော်ရိုကိုခြေစမ်းပွဲကို ဘာစီလိုနာ ဖျက်သိမ်းလာ
====================

ဘာစီလိုနာဟာ စီယူတာနယ်စပ်အကြပ်အတည်းပြဿနာကြောင့် မော်ရိုကိုတွင် ရာသီကြိုခြေစမ်းပွဲကစားမယ့် အစီအစဉ်အား ဖျက်သိမ်းလာပါတယ်။
စပိန်ချန်ပီယံဟာ ဩဂုတ်လ ၁၅ ရက်နေ့တွင် ရာသီသစ်အတွက် ပြင်ဆင်တဲ့အနေဖြင့် မော်ရိုကိုအနာက်မြောက်ပိုင်းတွင် ဒေသတွင်းကလပ် Ittihad Riadi Tangier နှင့် ခြေစမ်းပွဲကစားပါမယ်။
ဘာစီလိုနာဟာ Ittihad Riadi Tangier နှင့် ခြေစမ်းပွဲအား ဘယ်လိုအကြောင်းရင်းကြောင့် ဖျက်သိမ်းလိုက်သလဲဆိုတာ အတိအကျ ကြေညာထားခြင်း မရှိပါဘူး။
ဒါပေမယ့် ခြေစမ်းပွဲအား ဖျက်သိမ်းလိုက်မှုက မော်ရိုကိုရဲ့ မြောက်အာဖရိကကမ်းခြေနယ်စပ်ရှိ စပိန်နိုင်ငံ စီယူတာတွင် ဖြစ်ပျက်နေတဲ့ နယ်စပ်ပြဿနာနှင့် ဆက်စပ်နေတယ်လို့ ယုံကြည်ရပါတယ်။
မော်ရိုကိုနိုင်ငံသား ၇၈၀၀၀ ခန့်တို့ဟာ ပြီးခဲ့တဲ့အပတ်တုန်းက ပင်လယ်ဖြတ်ကျော်ကာ စီယူတာသို့ ရောက်လာခဲ့ကြပြီး ယင်းအဖြစ်အပျက်ကြောင့် လူ ၁၀၀ အထိ ရေနစ်သေဆုံးမှု ရှိခဲ့သလို အီးယူရဲ့ နယ်စပ်တံခါးဖင့်ပေးမှု ပြဿနာတက်လာပါတယ်။
ကျူးကော်ဝင်ရောက်သူ အမြောက်အမြားတို့ မော်ရိုကိုသို့ ပြန်သွားကြပြီ ဖြစ်ပေမယ့်လည်း ၃၀၀၀ မှ ၅၀၀၀ အတွင်း လူတို့မှာ စီယူတာတွင် ရှိနေဆဲ ဖြစ်ပါတယ်။
ဘာစီလိုနာဟာ ပရက်စတန်နှင့် ကစားမယ့် ရာသီကြိုခြေစမ်းပွဲအား ဖျက်သိမ်းကာ ယင်းပွဲအစား ဘာမင်ဂမ်နှင့် ခြေစမ်းခဲ့ပါတယ်။
၎င်းတို့ဟာ စနေနေ့တွင် အူဒီးတွင် နော်တင်ဟမ်ဖောရက်စ်နှင့် ခြေစမ်းပွဲကစားလာမှာ ဖြစ်သလို ဩဂုတ်လ ၁၉ နေ့တွင် အီဂျစ်ကလပ် Al Ahly နှင့်လည်း ခြေစမ်းပွဲ ကစားလာပါမယ်။
ဘာစီလိုနာဟာ ဩဂုတ်လ ၂၃ ရက်နေ့တွင် လာလီဂါချန်ပီယံဘွဲ့ကာကွယ်ရေး အယ်ချီနှင့် ရာသီအဖွင့်ပွဲကစားရပါမယ်။

image