7 ရက် - ဘာသာပြန်ပါ။

ဗီနီရှပ်စ်အား လက်လွှတ်လိုက်ရပြီးနောက် လီဗာပူးရဲ့ ပေါင်သန်း ၁၃၀ တန်ပစ်မှတ် ဘာကိုလာအား ကြားဖြတ်လုရန် အာဆင်နယ် ကြိုးပမ်းလာ
====================

အာဆင်နယ်ဟာ ဗီနီရှပ်စ်ဂျူနီယာအား ခေါ်ယူရေး ကြိုးပမ်းမှု မအောင်မြင်ခဲ့ပြီးနောက် လီဗာပူးခေါ်ယူရန် ကြိုးပမ်းနေတဲ့ ဘရက်ဒလေဘာကိုလာအား ကြားဖြတ်လုယူရေး အဆင်သင့် ဖြစ်နေပြီ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဘရာဇီစူပါစတားဗီနီရှပ်စ်အား ခေါ်ယူရေး ကြိုးပမ်းခဲ့ပေမယ့်လည်း ဘရာဇီးစတားမှာ ရီးရဲလ်မက်ဒရစ်နှင့် ၆ နှစ်စာချုပ်သစ်ချုပ်ဆိုသွားခဲ့ပါတယ်။
အာဆင်နယ်အကြီးအကဲများဟာ ရီးရဲလ်မက်ဒရစ်နှင့် တစ်နှစ်စာချုပ်သက်တမ်းသာ ကျန်တော့တဲ့ ဗီနီရှပ်စ်အား မြင့်မားတဲ့ ပြောင်းရွှေ့ကြေး၊ များပြားတဲ့ လုပ်ခဖြင့် ခေါ်ယူရေး အစွမ်းကုန် လုပ်ဆောင်ခဲ့ကြတာပါ။
ဒါပေမယ့် ဗီနီရှပ်စ်ဟာ ဘာနေဗျူးတွင် ၂၀၃၂ ခုနှစ်အထိ ရှိနေမယ့် တစ်ပတ်လုပ်ခ ပေါင် ၄၈၀၀၀၀ တန် ၆ နှစ်စာချုပ်အား ချုပ်ဆိုသွားခဲ့ပါတယ်။
မီခေးလ်အာတီတာဟာ ဘီဆစ်တပ်သို့ လီယန်ဒရိုထရိုဆတ်အား ရောင်းချလိုက်ပြီးနောက် ဘယ်တောင်ပံကစားသမားတစ်ဦး ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။
Independent ရဲ့ ဖော်ပြလာမှုအရ အာဆင်နယ်ဟာ ပီအက်စ်ဂျီတောင်ပံကစားသမားဘရက်ဒလေဘာကိုလာအား ပစ်မှတ်ထားကြောင်း သိရပါတယ်။
အာဆင်နယ်ဟ ဘာကိုလာအား ခေါ်ယူရေး ကြိုးပမ်းမည်ဆိုပါက လီဗာပူးနှင့် အပြိုင်ကြိုးပမ်းရပါမယ်။
လီဗာပူးမှာလည်း မိုဟာမက်ဆာလက်နေရာတွင် ကာလရှည်အစားထိုးရန်အတွက် ဘာကိုလာအား ခေါ်ယူရေး ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။
လီဗာပူးနည်းပြအိုင်ရာအိုလာဟာ ယခုနွေရာသီ နံပါတ်တစ်ပစ်မှတ်အဖြစ် ဘာကိုလာအား ပစ်မှတ်ထားနေတာ ဖြစ်ပြီး ခေါ်ယူရေး ကြိုးပမ်းလာခဲ့တာ ရက်သတ္တပတ်အတန်ကြာမြင့်လာပြီ ဖြစ်ပါတယ်။
ဒါပေမယ့် ပီအက်စ်ဂျီဘက်က ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၃၀ ဝန်းကျင်အထိ တောင်းဆိုနေမှုက အပြောင်းအရွှေ့ ဖြစ်မြောက်ရေး ကြန့်ကြာနေခဲ့တာပါ။
လီဗာပူးဘက်က ယင်းမျှ များပြားတဲ့ ပြောင်းရွှေ့ကြေး မပေးနိုင်ကြောင်း ပီအက်စ်ဂျီကို အသိပေးထားပြီးလည်း ဖြစ်ပါတယ်။
ဒါကြောင့်လည်း အာဆင်နယ်သာ ယင်းပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရေး ကြိုးပမ်းလာမည်ဆိုပါက အပြောင်းအရွှေ့မှာ ဖြစ်မြောက်လာနိုင်တဲ့အနေအထားမှာ ရှိနေပါတယ်။
အသက် ၂၃ နှစ်ရှိ ပြင်သစ်ဘယ်တောင်ပံကစားသမားဟာ ၂၀၂၃ ခုနှစ်တင် လိုင်ယွန်မှ ပြောင်းလာပြီးနောက် ပီအက်စ်ဂျီအတွက် ၁၅၂ ပွဲကစားထားရာမှာ ၃၂ ဂိုးသွင်းထားပြီး ချန်ပီယံလိဂ်ဖလား ၂ ကြိမ်ဆက်အပြင် လီဂူး ၁ ဖလား ၃ ကြိမ်ဆွတ်ခူးထားပါတယ်။

image