ရာသီကြိုစမ်းသပ်မှု ပြုလုပ်ပြီးနောက် တိုမီယာဆုအား ပဲလေ့စ် ခေါ်ယူလာ
=================
ခရစ္စတယ်ပဲလေ့စ်ဟာ အသင်းတွင် စမ်းသပ်ခံမှု အောင်မြင်သွားပြီဖြစ်တဲ့ ဂျပန်နောက်ခံလူတာကီဟီရိုတိုမီယာဆုကို ခေါ်ယူလာပါတယ်။
အသက် ၂၇ နှစ်ရှိ နောက်ခံလူဟာ ပြီးခဲ့တဲ့ရာသီဝက်အား အေဂျက်စ်တွင် ကစားခဲ့သလို ဂျပန်နှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားပြီးနောက် ကလပ်လက်မဲ့ ဖြစ်နေသူပါ။
ဗဟိုနောက်ခံလူအဖြစ်ရော နောက်တန်းအစွန်လူအဖြစ်ပါ ကစားနိုင်တဲ့ အာဆင်နယ်နောက်ခံလူဟောင်းဟာ ယခုနွေရာသီတွင် ပဲလေ့စ်နည်းပြပီယရီဆေ့ဂျ်ရဲ့ ဒုတိယမြောက် ခေါ်ယူခြင်းခံရတဲ့ ကစားသမား ဖြစ်လာပါတယ်။
ပဲလေ့စ်ဟာ တိုမီယာဆုရဲ့စာချုပ်သက်တမ်းကို ကြေညာလာခြင်း မရှိပါဘူး။
ပဲလေ့စ်ဟာ ပြင်သစ်နောက်ခံလူလာခရွှိုက်စ်ဟာ ချဲလ်ဆီးသို့ ရောင်းချလိုက်ရပြီးနောက် ခံစစ်ပိုင်းကို အားဖြည့်ရန် လိုအပ်နေတဲ့အသင်းပါ။
တိုမီယာဆုဟာ ဘိုလော့ဂ်နာ၊ စိန်ဒရူဒန်တို့တွင်လည်း ကစားခဲ့ဖူးသူ ဖြစ်ပြီး အာဆင်နယ်အတွက် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်းတွင် ပြိုင်ပွဲအရပ်ရပ် ၈၄ ပွဲကစားပေးခဲ့သူ ဖြစ်ပါတယ်။