2 ပတ် - ဘာသာပြန်ပါ။

ဘာစီလိုနာသို့ ပြောင်းရေး မီးစိမ်းပြလိုက်ပြီ ဖြစ်တဲ့ မန်စီးတီးစတားရိုဒရီ
=====================

ရိုဒရီဟာ ဘာစီလိုနာသို့ ပြောင်းရေး မီးစိမ်းပြလာမှုနှင့်အတူ မန်စီးတီးနည်းပြသစ်အန်ဇိုမာရက်စ်ကာအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ကြုံလာရပါတယ်။
စပိန်အား ကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင် ဦးဆောင်ခဲ့တဲ့ အသင်းခေါင်းဆောင်ဟာ အီတီဟတ်တွင် ၇ နှစ်ကြာ ကစားပြီးနောက် မွေးရပ်မြေသို့ ပြန်လိုနေသူ ဖြစ်ပါတယ်။
အစောပိုင်းတုန်းက ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရေး ဆွေးနွေးခဲ့ပေမယ့်လည်း ယခုအခါ ရိုဒရီကိုယ်တိုင်က ဘာစီလိုနာသို့ ပြောင်းရေး အသိပေးလာပြီ ဖြစ်ပါတယ်။
အသက် ၃၀ နှစ်ရှိ ရိုဒရီဟာ မန်စီးတီးနှင့် ၁၂ လစာချုပ်သက်တမ်းသာ ကျန်တော့သူ ဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုမယ့် လက္ခဏာမပြသပါဘူး။
ဒါကြောင့်လည်း မန်စီးတီးအနေဖြင့် လာမယ့်နှစ်နွေတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်မလွှတ်လိုဘဲ ယခုနွေတွင် ရောင်းချလာရပါမယ်။
ရီးရဲလ်မက်ဒရစ်ဟာ ရက်ဘူးလ်လိုက်ဇစ်မှ အသက် ၁၉ နှစ်ရှိ ဒေယိုမန်ဒီအား ပေါင် ၁၁၅.၈ သန်းဖြင့် ခေါ်ယူထားပြီးဖြစ်ရာ ရိုဒရီအတွက် ပေါင် ၄၃ သန်းပေးရမယ့်အခြေအနေမှာ ရှိနေခဲ့ပါတယ်။
ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်ဟာ ရိုဒရီနှင့် ပုဂ္ဂိုလ်ရေးသဘောတူညီမှု မရခဲ့တဲ့အပြင် မန်စီးတီးနှင့်လည်း ပြောင်းရွှေ့ကြေး သဘောတူညီမှု မရခဲ့ပါဘူး။
ယခုအခါမှာတော့ ဘာစီလိုနာဟာ ရိုဒရီအား ခေါ်ယူနိုင်ရေး အကောင်းဆုံးအခွင့်အ‌ရေး ရနေပြီ ဖြစ်ပါတယ်။
ဘာစီလိုနာဟာ ဒတ်ချ်ကွင်းလယ်ကစာသမားဖရန်ကီဒီယွန်ကို ဒူးဒဏ်ရာကြောင့် ကာလရှည်ကြာ လက်လွှတ်ထားရရာ အစားထိုးရန် လိုအပ်နေပါတယ်။
တဖက်တွင် မန်စီးတီးဟာ ဖောရက်စ်မှ အင်္ဂလန်ကွင်းလယ်ကစားသမားအီးလီးယော့အန်ဒါဆင်အား ပေါင် ၁၁၆ သန်းဖြင့် ခေါ်ယူထားပြီး ဖြစ်ပေမဲ့လည်း ရိုဒရီသာ ထွက်ခွာလာပါက အစားထိုးရမယ့် ကစားသမားခေါ်ယူရန် လိုအပ်လာပါမယ်။
မန်စီးတီးဟာ မော်ရိုကိုမှ ကမ္ဘာ့ဖလားစတားအေယွတ်ဘူအာဒီအား ခေါ်ယူရေး စိတ်ဝင်စားနေပေမဲ့လည်း လိုင်လီဘက်က ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းအထိ တောင်းဆိုထားပါတယ်။

image