2 ပတ် - ဘာသာပြန်ပါ။

ဗီနီရှပ်စ်နှင့် ၆ နှစ်စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိသွားပြီဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်
===================

ဘရာဇီးတောင်ပံကစားသမားဗီနီရှပ်စ်ဂျူနီယာဟာ ဘာနေဗျူးတွင် ၂၀၃၂ ခုနှစ်အထိ ရှိနေမယ့် ၆ နှစ်စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။
အသက် ၂၆ နှစ်ရှိ ဗီနီရှပ်စ်ဟာ ရီးရဲလ်မက်ဒရစ်နှင့် ၁၂ လစာချုပ်သက်တမ်းသာ ကျန်တော့သူ ဖြစ်ပြီး အာဆင်နယ်ရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။
ဒါပေမဲ့ ယခုအခါ ရီးရဲလ်မက်ဒရစ်က ဗီနီရှပ်စ်အား ၂၀၃၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ကြောင်း ကြေညာလာပါတယ်။
ဗီနီရှပ်စ်ကလည်း "ဘာနေဗျူးမှာ ရှစ်နှစ်ကြာ နေလာတာ အရမ်းတိုတောင်းတယ်။ နောက်ထပ် ခြောက်နှစ်နေဦးမယ်။ ပြီးရင် ရာသက်ပန်နေမယ်"လို့ အင်စတာဂရမ်တွင် ပို့စ်တင်သွားပါတယ်။
ရီးရဲလ်မက်ဒရစ်နှင့် ဗီနီရှပ်စ်တို့ဟာ စာချုပ်သစ်ချုပ်ဆိုရေး ၁၈ လတိုင်တိုင် ဆွေးနွေးလာခဲ့ပေမဲ့ လုပ်ခကိစ္စဆွေးနွေးမှုအဆင်မပြေတာကြောင့် ကြန့်ကြာနေခဲ့ပါတယ်။
ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်ဟာ ဗုဒ္ဓဟူးနေ့တုန်းက ကမ်းလှမ်းမှုအသစ် ပြုလုပ်လာပြီးနောက် ဗီနီရှပ်စ်ဘက်က ကျေနပ်အားရမှုနှင့်အတူ လက်ခံလိုက်တာပါ။
ဗီနီရှပ်စ်ဟာ ၂၀၁၈ ခုနှစ်တုန်းက ဖလာမင်ဂိုမှ ပြောင်းလာသူ ဖြစ်ပြီး လွန်ခဲ့တဲ့ သုံးနှစ်တုန်းက လေးနှစ်စာချုပ်သက်တမ်းတိုးချုပ်ဆိုခဲ့သူ ဖြစ်ပါတယ်။
သူဟာ ဘရာဇီးနှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ပြီးနောက် တနင်္လာနေ့တုန်းက ကလပ်ရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့် ပြန်လည်ပူးပေါင်းခဲ့သူ ဖြစ်ပါတယ်။
သူဟာ ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၃၇၅ ပွဲကစားကာ ၁၂၈ ဂိုးသွင်းထားသူ ဖြစ်ပါတယ်။
သူဟာ ရီးရဲလ်မက်ဒရစ်နှင့်အတူ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်၊ လာလီဂါဖလား ၃ ကြိမ်၊ ကိုပါဒယ်ရေးဖလား ၁ ကြိမ် ရရှိထားပါတယ်။

image