2 ပတ် - ဘာသာပြန်ပါ။

ဥရုဂွေးယာယီနည်းပြအဖြစ် ခန့်အပ်ခြင်းခံလာရတဲ့ ယူနိုက်တက်တိုက်စစ်မှူးဟောင်းဒီယေဂိုဖော်လန်
=======================

ယူနိုက်တက်တိုက်စစ်မှူးဟောင်းဒီယေဂိုဖော်လန်ဟာ ဥရုဂွေးယာယီနည်းပြရာထူးအား လက်ခံလာပါတယ်။
ဖော်လန်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခွာရပြီးနောက် စာချုပ်သက်တမ်းကုန်ဆုံးကာ ထွက်ခွာသွားတဲ့ အာဂျင်တီးနားဝါရင့်နည်းပြမာဆယ်လိုဘီရဲလ်ဆာနေရာမှာ အစားထိုးတာဝန်ယူလာတာလည်း ဖြစ်ပါတယ်။
အသက် ၄၇ နှစ်ရှိ ဒီယေဂိုဖော်လန်ဟာ ယခုနှစ်အတွင်း ကစားရမယ့် ဥရုဂွေးရဲ့ ခြေစမ်းပွဲစဉ်များအား ကြီးကြပ်လာရမှာ ဖြစ်ပြီး စွမ်းဆောင်ရည်အပေါ်မူတည်ပြီး ယခုနှစ်ကုန်ပိုင်း သို့မဟုတ် ၂၀၂၇ ခုနှစ် အစောပိုင်းတွင် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခြင်းခံလာရမှာလည်း ဖြစ်ပါတယ်။
ဖော်လန်ဟာ ဥရုဂွေးစီနီယာအသင်းအပြင် ဥရုဂွေးယူ-၂၀ အသင်းနည်းပြအဖြစ်လည်း ခန့်အပ်ခြင်းခံရကာ ပူးတွဲတာဝန်ယူလာရပါမယ်။
အာဂျင်တီးနားဂန္ထဝင်နည်းပြဘီရဲလ်ဆာဟာ ၂၀၂၃ ခုနှစ်မေလတွင် ဥရုဂွေးနည်းပြအဖြစ် ခန့်အပ်ခြင်းခံရပြီးနောက် ၃၉ ပွဲကိုင်တွယ်ခဲ့ရာမှာ ၁၅ ပွဲတည်းသာ နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။
ဒီယေဂိုဖော်လန်ဟာ ဥရုဂွေးအတွက် ၁၁၂ ပွဲကစားကာ ၃၆ ဂိုးသွင်းပေးခဲ့သူ ဖြစ်ပြီး ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် Golden Ball ဆု ရယူနိုင်ခဲ့ပါတယ်။
သူဟာ ၂၀၁၅ ခုနှစ်မတ်လတွင် လက်ရွေးစင်ကစားသမားဘဝမှ အနားယူခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ကလပ် ၁၀ ခုတွင် ကျင်လည်ပြီးနောက် ကစားသမားဘဝမှ အနားယူခဲ့ပါတယ်။
သူဟာ ဥရုဂွေးကလပ်များဖြစ်ကြတဲ့ ပီနာရိုးလ်၊ အတီနက်စ်တို့အား ကာလတို ကိုင်တွယ်ခဲ့ဖူးပါတယ်။

image