လိုက်ဇစ်မှ ဒေယိုမန်ဒီကို ရီးရဲလ်မက်ဒရစ် ခေါ်ယူလာ
==================
ရီးရဲလ်မက်ဒရစ်ဟာ ရက်ဘူးလ်လိုက်ဇစ်မှ အိုင်ဗရီကို့စ်တောင်ပံကစားသမားယန်ဒေယိုမန်ဒီကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၂၀ အထိ မြင့်မားလာနိုင်တဲ့ ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူလာပြီ ဖြစ်ပါတယ်။
အသက် ၁၉ နှစ်ရှိ တောင်ပံကစားသမားဟာ ရီးရဲလ်မက်ဒရစ်နှင့် ၇ နှစ်စာချုပ်ချုပ်ဆိုလာတာ ဖြစ်ပြီး စပိန်ထိပ်သီးကလပ်ဟာ ၂၀၂၃ ခုနှစ်တုန်းက ဂျူ့ဘယ်လင်ဂမ်အား ခေါ်ယူစဉ်တုန်းက ဒေါ့မွန်ကို ပေးခဲ့ရတဲ့ ပေါင် ၁၁၅ သန်းထက် ပိုပြီးပေးလာရပါမယ်။
အစောပိုင်းတုန်းက ဒေယိုမန်ဒီအား ခေါ်ယူရန် ပီအက်စ်ဂျီက အခြေအနေအကောင်းဆုံးဖြစ်ခဲ့ပေမယ့်လည်း တနင်္ဂနွေနေ့တုန်းက ပေါင် ၁၀၂.၅ သန်းဖြင့် ကမ်းလှမ်းမှုအား ပယ်ချလာချိန်မှာတော့ နောက်ဆုတ်သွားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဒေယိုမန်ဒီအား ပြောင်းရွှေ့ကြေးအပြည့်အဝ(အပိုဆုကြေးအပါအဝင်) ပေါင်သန်း ၁၂၀ အားပေးလာရမည်ဆိုပါက ဘောလုံးသမိုင်းတွင် နေမာ၊ ကိုင်လီယန်ဘက်ပေး၊ အလက်ဇန္ဒားအီဆက်ခ်ပြီးလျှင် စတုတ္ထပြောင်းရွှေ့ကြေး အမြင့်မားဆုံးကစားသမားဖြစ်လာပါမယ်။
တဖက်တွင် ဒေယိုမန်ဒီဟာ အာဖရိကဘောလုံးသမိုင်းတွင် ပြောင်းရွှေ့ကြေးအမြင့်မားဆုံးကစားသမားဖြစ်လာပါတယ်။
ယခင်တုန်းက အာဖရိကဘောလုံးသမိုင်းတွင် ပြောင်းရွှေ့ကြေးအမြင့်မားဆုံးကစားသမားအဖြစ် ၂၀၁၉ ခုနှစ်တုန်းက အာဆင်နယ်က အိုင်ဗရီကို့စ်တောင်ပံကစားသမားနီကိုလပ်စ်ပီပီအတွက် ပေါင် ၇၂ သန်းဖြင့် ခေါ်ယူမှုက ရပ်တည်ခဲ့တာပါ။
အစောပိုင်းတုန်းက လီဗာပူးကလည်း မိုဟာမက်ဆာလက်နေရာတွင် အစားထိုးရန် ဒေယိုမန်ဒီအား ပေါင် ၆၉ သန်းဖြင့် ကမ်းလှမ်းခဲ့ဖူးပေမယ့် ပယ်ချခြင်းခံရပြီးနောက် နောက်ဆုတ်သွားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ယခုနွေရာသီတွင် နည်းပြသစ်အဖြစ် ဂျိုဆေးမော်ရင်ဟိုအား ခန့်အပ်ပြီးနောက် ဘာနာဒိုဆေးလ်ဗား၊ အီဘရာဟမ်ကိုနာတေး၊ ဒန်ဇဲလ်ဒမ်ဖရိုင်း၊ မာ့ခ်ကူကူရယ်လာ၊ ကားလို့စ်အက်စ်ပီတို့အား ခေါ်ယူပြီးနောက် ဒေယိုမန်ဒီအား ခေါ်ယူလာတာလည်း ဖြစ်ပါတယ်။
ဒေယိုမန်ဒီဟာ ၂၀၂၅-၂၆ ရာသီတုန်းက ဘွန်ဒက်စ်လီဂါတွင် ၁၂ ဂိုးသွင်းကာ ၈ ကြိမ်ဖန်တီးပြီး ဘွန်ဒက်စ်လီဂါတစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ၃၂သင်း ရှုံးထွက်အဆင့်ရောက် အိုင်ဗရီကို့စ်ရဲ့ ပွဲတိုင်း ကစားခဲ့သူလည်း ဖြစ်ပါတယ်။