ကျိုက်ထိုမြို့နယ်၌ လျှပ်စစ်ဓာတ်အား စနစ်တကျဖြန့်ဖြူးနိုင်ရေး ထရန်စဖော်မာနှင့် ဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား စနစ်တကျ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ပြည်နယ်ရန်ပုံငွေဖြင့် ထရန်စဖော်မာနှင့် ဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက်လျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးနှင့် တာဝန်ရှိသူများသည် အဆိုပါ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ကျိုက်ထိုမြိုနယ်အတွင်း ပြည်နယ်ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများဖြစ်သည့် စည်ပင်ရေကန်အနီးရှိ ၁၁ ကေဗွီလိုင်း ပေ ၉၀၀ အား ၁၀ မီတာ ကွန်ကရစ်တိုင် SAC 120mm² ဖြင့် အသစ်တည်ဆောက်ခြင်း၊ ၁၁/၀.၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံး အသစ်တည်ဆောက်ခြင်းနှင့် ၄၀၀ ဗို ဓာတ်အားလိုင်း ပေ ၅၀၀ အား ၉ မီတာ ကွန်ကရစ်တိုင် Insulated Cable၊ ၄၀၀ ဗို လိုင်း ပေ ၆၀၀ အား ၁၁ ကေဗွီလိုင်းသစ်အောက်သို ပြောင်းရွှေ့ခြင်းလုပ်ငန်းများ လုပ်ဆောင်နေခြင်း ဖြစ်သည်။
ထိုပြင် ကော့စံနိုင်ရပ်ကွက် ဘောဂဇာအပိုင်းတွင် ၁၁ ကေဗွီလိုင်း ပေ ၁၇၀၀ အား ၁၀ မီတာ ကွန်ကရစ်တိုင် SAC 120mm² ဖြင့် အသစ်တည်ဆောက်ခြင်း၊ ၄၀၀ ဗို လိုင်း ပေ ၁၇၀၀ အား ၁၁ ကေဗွီ လိုင်းသစ်အောက်သို ပြောင်းရွှေ့ခြင်း၊ ၁၁/၀.၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံး တည်ဆောက်ခြင်းနှင့် Panel ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုနောက် သထုံမြိုမြိုတွင်း ဒေါ့ရပ်ကျေးရွာမှ စည်ပင်တိုးဂိတ်အနီးအထိ ကွန်ကရစ်တိုင်များ မီးကြိုးများ လဲလှယ်အစားထိုးတည်ဆောက်ခြင်းနှင့် ကော့ထင်းကျေးရွာတွင် ၁၁ ကေဗွီလိုင်း ပေ ၅၀၀ အား ၁၀ မီတာ ကွန်ကရစ်တိုင်ဖြင့် အသစ်တည်ဆောက်ခြင်း၊ ၁၁/၀.၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံး တည်ဆောက်ခြင်းနှင့် ၄၀၀ ဗိုလိုင်း (၀.၅) မိုင်အား ၉ မီတာ ကွန်ကရစ်တိုင် Insulated Cable ဖြင့် တည်ဆောက်ခြင်း လုပ်ငန်းများလည်း ဆောင်ရွက်နေကြောင်း သိရသည်။