5 ရက် - ဘာသာပြန်ပါ။

အာဂျင်တီးနားနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ပြီးနောက် အင်တာမိုင်ယာမီအတွက် ပထမဆုံးဂိုးတွေသွင်းလာတဲ့ လီယွန်နယ်မက်ဆီ
===================

လီယွန်နယ်မက်ဆီဟာ အာဂျင်တီးနားနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားပြီးနောက် အင်တာမိုင်ယာမီအတွက် ပြန်ကစားလာနိုင်ချိန်တွင် ဂိုးတွေသွင်းကာ အကောင်းဆုံးပုံစံ ဆက်လက် ပြသနေဆဲ ဖြစ်ပါတယ်။
လီယွန်နယ်မက်ဆီဟာ Atletico San Luis နှင့် ရင်ဆိုင်ကစားတဲ့ Leagues Cup ပွဲစဉ်တွင် ပါဝင်ကစားခဲ့တာပါ။
ယင်းပွဲစဉ်တွင် Atletico San Luis ဟာ ဒေးဗစ်ရိုဒရီဂွက်ဇ်ရဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပေမဲ့ လီယွန်နယ်မက်ဆီရဲ့ သွင်းဂိုး ၂ ဂိုး၊ ဆီဂိုဗစ်၊ မာစီရယ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ပထမပိုင်းမှာတင် ၄ ဂိုးပြန်သွင်းနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ရာဖာလိုရန်တီက Atletico San Luis အတွက် ချေပဂိုးသွင်းယူလာခဲ့လို့ အင်တာမိုင်ယာမီတို့ ၄-၂ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
မက်ဆီဟာ ယခုပွဲမှာ ကိုယ်တိုင် ၂ ဂိုးသွင်းခဲ့သလို စတုတ္ထဂိုးသွင်းနိုင်အောင်လည်း ဖန်တီးပေးခဲ့ပါသေးတယ်။
သူဟာ မေဂျာလိဂ်မှာ ၁၂ ဂိုးသွင်းပြီး ၈ ကြိမ် ဖန်တီးထားပါသေးတယ်။

image