ဖလမ်းမြို့ ငစစ်ဗားရေအားလျှပ်စစ်စက်ရုံနှင့် ဝန်ထမ်းအိမ်ရာများကို ပြန်လည်ပြုပြင်လျက်ရှိ

ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် အနီးရှိ ကျေးရွာများသို့ ၄၀၀ ကီလိုဝပ် ဓာတ်အားပေးစက် နှစ်လုံးဖြင့် ဓာတ်အားဖြန့်ဖြူးပေးခဲ့သည့် ငစစ်ဗားရေအားလျှပ်စစ်စက်ရုံနှင့် ပျက်စီးခဲ့သည့် ရုံးနှင့် ဝန်ထမ်းအိမ်ရာများကို ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရသည်။
အဆိုပါရေအားလျှပ်စစ်စက်ရုံနှင့် ထိခိုက်ပျ-က်စီးသွားသည့် ဌာနဆိုင်ရာ အဆောက်အအုံအချိုကို ပြန်လည်ပြုပြင်ရေး လုပ်ဆောင်နေမှုကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
စက်ရုံ တာဝန်ရှိသူ၏ တင်ပြချက်များအပေါ် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးက လိုအပ်ချက်များ ဖြည့်ဆည်းပေးခဲ့သည်။
ထိုပြင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် တစ်စိတ်တစ်ပိုင်း ပျ-က်စီးခဲ့သည့် ဖလမ်းမြိုနယ် ကျေးလက်လမ်းဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အဆောက်အအုံရှိ ပစ္စည်းများ ဆယ်တင်ဆောင်ရွက်နေမှု၊ ခရိုင်မီးသတ်ရုံးနှင့် ဝန်ထမ်းအိမ်ရာ အမိုးလဲလှယ်ပြုပြင်နေမှု၊များကိုလည်း လုပ်ဆောင်နေကြောင်း သိရသည်
အမျိုးသားသဘာဝဘေးစီမံခန့်ခွဲရေးကော်မတီ၏ ရန်ပုံငွေအထောက်အပံ့ဖြင့် ပြန်လည်ပြုပြင်တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ သက်ဆိုင်ရာ ကုမ္ပဏီများက တာဝန်ရှိသူများအား သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးရေးနှင့် တည်ဆောက်ရေး စံနှုန်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရေးလည်း ဒုတိယဝန်ကြီး ကပြောကြားခဲ့ကြောင်း သိရသည်။
ဖလမ်းခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၊ ဖလမ်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ဖလမ်းမြိုမရဲစခန်းနှင့် မြိုနယ်မြေစာရင်းဦးစီးဌာနရုံးတိုကို အမျိုးသားသဘာဝဘေးစီမံခန့်ခွဲရေးကော်မတီ၏ ရန်ပုံငွေအထောက်အပံ့ဖြင့် ပြန်လည်ပြုပြင်တည်ဆောက်ခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

image