ဘန်လေမှ ဖလော်ရင်တီနိုအား တန်းတက်အစ္စဝှစ်ချ် ခေါ်ယူအားဖြည့်လာ
===================
ပရီးမီးယားလိဂ်တန်းတက်အစ္စဝှစ်ချ်ဟာ ဘန်လေမှ ပေါ်တူဂီကွင်းလယ်ခံစစ်သမားဖဖလော်ရင်တီနိုလူးဝစ်အား ခေါ်ယူအားဖြည့်လာပါတယ်။
အသက် ၂၆ နှစ်ရှိ ကစားသမားဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ရတဲ့ ဘန်လေအတွက် ပရီးမီးယားလိဂ်ပွဲ ၃၁ ပွဲကစားခဲ့သူ ဖြစ်ပြီး ၅ နှစ်စာချုပ်ဖြင့် အစ္စဝှစ်ချ်သို့ ပြောင်းရွှေ့လာပါတယ်။
ဖလော်ရင်တီနိုဟာ ဘင်ဖီကာမှ ဘန်လေသို့ အငှားဖြင့် လာရောက်ကစားခဲ့သူ ဖြစ်ပြီး ဇွန်လကမှ ပေါင် ၂၀.၈ သန်းဖြင့် အပြီးသတ်ပြောင်းလာခဲ့တာပါ။
သူဟာ စက်တင်ဘာလတုန်းက ဘန်လေအတွက် ပထမဆုံးပွဲကစားပြီးနောက် နည်းပြစကော့ပါကားရဲ့လက်အောက်တွင် အရေးပါတဲ့ကစားသမားအဖြစ် ကစားခွင့်ရလာခဲ့သူ ဖြစ်ပါတယ်။
သူဟာ ဘင်ဖီကာတွင် ချဲလ်ဆီးကွင်းလယ်လူအန်ဇိုဖာနန်ဒက်ဇ်နှင့် တွဲဖက်ကစားကာ ၂၀၁၉ နှင့် ၂၀၂၃ ခုနှစ် ပေါ်တူဂီအမှတ်ပေးဖလားဆွတ်ခူးနိုင်အောင် ကူညီခဲ့သလို ၂၀၂၅ ခုနှစ် ပေါ်တူဂီလိဂ်ဖလားတို့လည်း ဆွတ်ခူးခဲ့ပါတယ်။
သူဟာ ပေါ်တူဂီယူ-၁၅ အသင်းမှ ယူ-၂၁ အသင်းအထိ ကစားခွင့်ရလာသူလည်း ဖြစ်ပါတယ်။