2 ရက် - ဘာသာပြန်ပါ။

အက်သလက်တီကိုက တိုင်ကြားမှု ပြုလုပ်ထားပေမယ့်လည်း မက်ဒရစ်တွင် အယ်ဗာရက်ဇ်နှင့် အေးဂျင့်နှင့် လျို့ဝှက်တွေ့ဆုံခဲ့တဲ့ ဒေကို
====================

ဘာစီလိုနာဟာ အားကစားဒါရိုက်တာဒေကိုအား မက်ဒရစ်သို့ စေလွှတ်ကာ ဂျူလီယန်အယ်ဗာရက်ဇ်နှင့် အေးဂျင့်များနှင့် လျို့ဝှက်တွေ့ဆုံစေပြီး အပြောင်းအရွှေ့ ဖြစ်မြောက်လာရေး ခြေလှမ်းသစ်ထပ်မံလှမ်းလာပါတယ်။
Sport ရဲ့ဖော်ပြလာမှုအရ ဘာစီလိုနာရဲ့ဒေကိုနှင့် ဂျာအိုအေမာရယ်တို့ဟာ မက်ဒရစ်သို့ သွားရောက်ကာ အယ်ဗာရက်ဇ်ရဲ့အေးဂျင့်ဖာနန်ဒိုဟိုင်ဒယ်ဂိုနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
အက်သလက်တီကိုဟာ အယ်ဗာရက်ဇ်ကို ရောင်းချရန် ငြင်းဆိုနေပြီး ကစားသမားအား ခေါ်ယူရေး ကလပ်ရဲ့ ခွင်ပြုချက်မရဘဲ ကြိုးပမ်းနေတဲ့ ဘာစီလိုနာအား စပိန်ဘောလုံးအဖွဲ့ချုပ်ထံ တိုင်ကြားမှု ပြုလုပ်ထားပါတယ်။
ဒါပေမဲ့လည်း ဘာစီလိုနာဘက်က အလွယ်တကူ လက်လျှော့ခြင်း မရှိသေးဘဲ အယ်ဗာရက်ဇ်အား ခေါ်ယူရေး ခက်ခက်ခဲခဲ ထပ်မံ ကြိုးပမ်းလာနေပါတယ်။
ဘာစီလိုနာကဘက်က အေးဂျင့်ဟိုင်ဒယ်ဂါနှင့် အဆက်မပြတ် ဆွေးနွေးမှုများ ပြုလုပ်နေပါက အပြောင်းအရွှေ့မှာ အလျှင်အမြန် ပြီးပြတ်လာမယ်လို့ ယုံကြည်နေတာလည်း ဖြစ်ပါတယ်။
အထူးသဖြင့် အယ်ဗာရက်ဇ်ကိုယ်တိုင်က နူးကမ့်သို့ ပြောင်းရွှေ့ကစားရန် စိတ်အားထက်သန်နေမှုနှင့်အတူ ဘာစီလိုနာဟာ အပြောင်းအရွှေ့ ဖြစ်မြောက်လာမယ်လို့ အလုံးစုံ ယုံကြည်နေတာပါ။

image