ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ပရီးမီးယားလိဂ်ဒိုင်အဖြစ်မှ အနားယူပြီးနောက် အလုပ်သစ် ရရှိလာတဲ့ အန်တိုနီတေလာ
====================
အန်တိုနီတေလာဟာ ပရီးမီးယားလိဂ်ဒိုင်လူကြီးဘဝမှ အနားယူလိုက်ပြီးနောက် ဘောလုံးလောကတွင် အလုပ်သစ် ရရှိလာခဲ့ပြီ ဖြစ်ပါတယ်။
တေလာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်ပြီးနောက် ဒိုင်လူကြီးဘဝမှ အနားယူခဲ့ပါတယ်။
အသက် ၄၇ နှစ်ရှိ အန်တိုနီတေလာဟာ ဒိုင်လူကြီးဘဝ နှစ်ပေါင်း ၂၀ အတွင်းတွင် ပြည်တွင်းပွဲပေါင်း ၆၆၈ ပွဲ ကြီးကြပ်ခဲ့သူလည်း ဖြစ်ပါတယ်။
ယခုအခါ သူဟာ တူရကီထိပ်တန်းဒိုင်လူကြီးအဖွဲတွင် ဒါရိုက်တာတာဝန်အား ရယူလာပါတယ်။
သူဟာ တူရကီဘောလုံးအဖွဲ့ချုပ်လက်အောက်ရှိ ဒိုင်လူကြီးများရဲ့ နည်းဗျူဟာပိုင်းနှင့် နည်းစနစ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လုပ်ဆောင်သွားရပါမယ်။
တူရကီဘောလုံးလောကဟာ ပြီးခဲ့တဲ့ရာသီတုန်းက လောင်းကစားမှု ပြုလုပ်ကာ ဒိုင်လူကြီး ၁၅၂ ဦးအား အရေးယူခြင်းပြုလုပ်ခဲ့ရတဲ့အထိ ဒိုင်လောကအခြေအနေ ဆိုးရွားနေတဲ့ ဘောလုံးလောက ဖြစ်ပါတယ်။