2 ရက် - ဘာသာပြန်ပါ။

တူရကီကလပ်ထရက်ဇွန်စပေါသို့ ၂ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ရန် မိုဟာမက်ဆာလက် သဘောတူညီမှု ရရှိ
=====================

မိုဟာမက်ဆာလက်ဟာ တူရကီကလပ် ထရက်ဇွန်စပေါသို့ နှစ်နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိလာပါတယ်။
လီဗာပူးဂန္ထဝင်ကစားသမားဟာ ၂၀၂၅-၂၆ ရာသီအကုန်တွင် လီဗာပူးနှင့်စာချုပ်ဖျက်သိမ်းကာ ထွက်ခွာလာခဲ့သူ ဖြစ်ပါတယ်။
ယခုထွက်ပေါ်လာတဲ့သတင်းအရ အသက် ၃၄ နှစ်ရှိ အီဂျစ်စူပါစတားဟာ တူရကီစူပါလိဂ်ကလပ်သို့ ၂ နှစ်စာချုပ်ဖြင့် ပြောင်းရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ကြောင်း သိရပါတယ်။
ထရက်ဇွန်စပေါကလည်း မိုဟာမက်ဆာလက်အား ခေါ်ယူရေး ဆွေးနွေးနေကြောင်း လူသိရှင်ကြား ကြေညာသွားပါတယ်။
ဒါ့အပြင် ထရက်ဇွန်စပေါက ယနေ့တွင် မိုဟာမက်ဆာလက်မှာ အပြောင်းအရွှေ့အပြီးသတ်ရေး တူရကီသို့ ရောက်လာမှာ ဖြစ်ကြောင်းလည်း ကြေညာသွားပါတယ်။
ဆာလက်ဟာ ထရက်ဇွန်စပေါတွင် ယူနိုက်တက်မှ အငှားဖြင့် လာရောက်ကစားနေတဲ့ ဂိုးသမားအင်ဒရေအိုနာနာနှင့် တွဲကစားရပါမယ်။
အိုနာနာဟာ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ထရက်ဇွန်စပေါတွင် အငှားဖြင့် ကစားခဲ့တာ ဖြစ်ပြီး အငှားဖြင့်ပင် ထပ်မံ ပြောင်းရွှေ့ကစားလာတာပါ။
ဒါ့အပြင် ဆာလက်ဟာ မန်စီးတီးနောက်ခံလူဟောင်းစတီဖန်ဆာဗစ်၊ ကိတ်ဗာဒီရဲ့ ကမ္ဘာ့ဖလားအကောင်းဆုံးဂိုးဆုရှင် ကာဘရယ်နှင့်လည်းတွဲကစားရပါမယ်။
ဆာလက်ဟာ ၂၀၁၇ ခုနှစ်တွင် ရိုးမားမှ ပြောင်းလာပြီးနောက် ကလပ်သမိုင်းတွင် အကောင်းဆုံးကစားသမားများထဲမှ တစ်ဦးအဖြစ်‌ ခြေစွမ်းပြလာသူ ဖြစ်ပါတယ်။
သူဟာ လီဗာပူးအတွက် ပြိုင်ပွဲအရပ်ရပ် ၄၃၅ ပွဲကစားခဲ့ရာမှာ ၂၅၅ ဂိုးသွင်းယူပေးခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ လီဗာပူးနှင့်အတူ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား ၁ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်နှင့် လိဂ်ဖလား ၂ ကြိမ် ရရှိခဲ့ပါတယ်။

image