လီဗာပူးအား အနိုင်ရတဲ့ ရာသီကြိုပွဲအပြီးတွင် ဆုဖလားချီးမြှင့်ခြင်း မခံရမှုအပေါ် လိဒ်နည်းပြဒါနီရယ်ဖာကီ ပေါက်ကွဲ
===================
လိဒ်နည်းပြဒါနီရယ်ဖာကီဟာ လီဗာပူးအား အနိုင်ရတဲ့ ရာသီကြိုခြေစမ်းပွဲစဉ်အပြီးတွင် ဆုဖလားချီးမြှင့်ခြင်းမခံရမှုအပေါ် အကြီးအကျယ် ဒေါသထွက်နေပါတယ်။
ယော့ခ်ရှိုင်းယားအခြေစိုက်ကလပ်ဟာ ချီကာဂိုတွင် လီဗာပူးအား ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ ၄-၂ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
လိဒ်ဟာ ရာသီကြိုခြေစမ်းပွဲ ပတ်လည်ပွဲစဉ်အဖြစ် ဆန်းဒါးလန်းအား အနိုင်ရခဲ့ကာ ဝရက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့ပါတယ်။
လိဒ်ဟာ ပြိုင်ပွဲအတွင်းတွင် အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လိဒ်ဟာ ဆုချီးမြှင့်ခြင်း မခံခဲ့ရပါဘူး။
ဖာကီက "ဒီပြိုင်ပွဲမှာ ကျုပ်တို့ အနိုင်ရတယ်။ ဒီတော့ ဆုဖလားလိုချင်တယ်။ အနည်းငယ်စိတ်ပျက်မိတယ်။ ဟာသတွေအားလုံးကို ချန်ထားခဲ့ရင် ဒီခရီးစဉ်က ပိုကောင်းတဲ့ပုံစံ အဆုံးသတ်နိုင်တော့မှာ မဟုတ်ဘူး။ ကောင်လေးတွေ အရမ်းကြိုးစားခဲ့ကြတယ်။ အခုအချိန်အထိ သုံးပတ်တောင်မှပါ။ နားရက်တစ်ရက်မှ မရှိခဲ့ဘူး။ အမေရိကန်မှာပဲ နှစ်ပတ်လောက်နီးနီး ရှိတယ်။ လီဗာပူးနဲ့ပွဲမှာ ကျွန်တော်တို့ ကန်ချက်ပိုလုပ်နိုင်ခဲ့တယ်၊ ဂိုးပေါက်တည့်ကန်ချက် ပိုလုပ်နိုင်ခဲ့တယ်။ ထောင့်ကန်ဘောနဲ့ အလွတ်တည်ကန်ဘောလည်း ပိုလုပ်ခဲ့တယ်။ ထိုက်ထိုက်တန်တန် အနိုင်ယူခဲ့တာပါ"လို့ ပြောကြားသွားပါတယ်။
လိဒ်ဟာ လာမယ့် စနေနေ့တွင် ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် ဂျာမန်ကလပ် ရက်ဘူးလ်လိုက်ဇစ်နှင့် ရင်ဆိုင်ကစားရပါမယ်။