6 ရက် - ဘာသာပြန်ပါ။

ယူနိုက်တက်တိုက်စစ်မှူးမာကပ်စ်ရက်ဖို့ဒ်အား ခေါ်ယူရန် ဖီနာဘာချီ ကြိုးပမ်းလာ
==================

ဖီနာဘာချီဟာ ယခုနွေရာသီတွင် ကြီးမားတဲ့ အပြောင်းအရွှေ့ လုပ်ဆောင်မှုအဖြစ် ယူနိုက်တက်တိုက်စစ်မှူးမားကပ်စ်ရက်ဖို့ဒ်အား ငွေအလုံးအရင်း သုံးစွဲပြီး ခေါ်ယူမှု ပြုလုပ်ရန် ပြင်ဆင်နေပါတယ်။
ရက်ဖို့ဒ်ဟာ ဘာစီလိုနာတွင် အငှားဖြင့် တစ်ရာသီသွားရောက် ကစားပြီးနောက် အပြီးသတ်ခေါ်ယူခြင်း မခံရဘဲ ယူနိုက်တက်နှင့် ပြန်လည်ပူးပေါင်းရမယ့် အခြေအနေတွင် ရှိနေပါတယ်။
ဖီနာဘာချီဟာ ယခုနွေရာသီတွင် ကြီးမားတဲ့ အပြောင်းအရွှေ့တစ်ခု အဖြစ် အေစီမီလန်တောင်ပံကစားသမားရာဖေးလ်လီယို၊ ပဲလေ့စ်တိုက်စစ်သမားအစ္စမယ်လာဆားနှင့် မားကပ်စ်ရက်ဖို့ဒ်တို့ ၃ ဦးမှ တစ်ဦးကို ခေါ်ယူရန် စီစဉ်နေပါတယ်။
ဖီနာဘာချီဟာ ရာဖေးလ်လီယိုနှင့် စကားပြောပြီးဖြစ်ပေမဲ့လည်း ခေါ်ယူရေး အဆင်ပြေခဲ့ပါတယ်။
၎င်းတို့ဟာ ဆားရဲ့ အေးဂျင့်များနှင့်လည်း ဆက်သွယ်ထားပြီး ဖြစ်ပါတယ်။
ယခုအခါ ၎င်းတို့ဟာ ရက်ဖို့ဒ်ရဲ့အေးဂျင့်များနှင့် ထပ်မံ ဆွေးနွေးမှုများ ပြုလုပ်လာပါတယ်။
ရက်ဖို့ဒ်ဟာ အင်္ဂလန်နှင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တတိယ ရရှိပြီးနောက် အပန်းဖြေနေပြီး အနာဂတ်အား ခေါင်းအေးအေးဖြင့် ဆုံးဖြတ်လာပါမယ်။
တကယ်လို့များ ရက်ဖို့ဒ်ဘက်ကသာ တူရကီသို့ ပြောင်းရန် ဆုံးဖြတ်လာပါက ဖီနာဘာချီအနေဖြင့် ငွေအလုံးအရင်း အသုံးပြုရန် အသင့် ရှိနေပါတယ်။
ပဲလေ့စ်နှင့် ဆီနီဂေါစတားဆားမှာလည်း ဖီနာဘာချီရဲ့အဓိကပစ်မှတ်ထဲမှ တစ်ဦး ဖြစ်ပါတယ်။ ဆားဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ၂၁ ဂိုးသွင်းယူကာ ပဲလေ့စ်အား ကွန်ဖရင့်လိဂ်ချန်ပီယံဖြစ်အောင် ကူညီခဲ့သူလည်း ဖြစ်ပါတယ်။
ဆားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၄ ဂိုးသွင်းကာ ထိပ်တန်းအဆင့်တွင် သက်သေပြခဲ့ပြီးလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ပဲလေ့စ်ဘက်က ဆားကို အသင်းတွင် ဆက်ထိန်းထားလိုနေပြီး စာချုပ်သစ်ကမ်းလှမ်းရန်ပါ စီစဉ်ထားပါတယ်။

image