6 နာရီ - ဘာသာပြန်ပါ။

မြန်မာကျောင်းသားတွေ ချီးဗနင်းပညာတော်သင်ဆုလျှောက်ခွင့်မရတော့ပါ

နိုင်ငံတကာပညာရေးကိုစိတ်ဝင်စားတဲ့မြန်မာကျောင်းသားတွေအတွက် ချီးဗနင်းပညာတော်သင်ဆုရာသီက အက်ဆေးတွေရေးရ၊ စာရွက်စာတမ်းတွေပြင်ဆင်ကြနဲ့ အလုပ်များတဲ့အချိန်လို့ဆိုနိုင်ပါတယ်။

၂၀၂၆ ခုနှစ် သြဂုတ် ၄ ရက်မှာတော့ ကမ္ဘာတလွှားက ယူကေသံရုံးတွေရဲ့ ဆိုရှယ်မီဒီယာတွေမှာ ပညာသင်စရိတ်အပြည့်ပေးတဲ့ ချီးဗနင်းပညာတော်သင်ဆုစတင်လျှောက်နိုင်ပြီဖြစ်ကြောင်း အသီးသီးကြေညာကြပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံဆိုင်ရာ ယူကေသံရုံးရဲ့ဆိုရှယ်မီဒီယာမှာတော့ ချီးဗနင်းနဲ့ပတ်သက်လို့ မနှစ်ကနဲ့ မတူဘဲ တိတ်ဆိတ်နေပါတယ်။

ချီးဗနင်းပညာတော်သင်ဆုရဲ့ တရားဝင်ဝဘ်ဆိုဒ်စာမျက်နှာထဲမှာ လျှောက်ထားဖို့ နိုင်ငံစာရင်းထဲ "Myanmar" လို့ စာရိုက်လိုက်ရင် "No Results Match" ဆိုတဲ့အချက်အလက်မရှိကြောင်းသာ ဖော်ပြနေပါတယ်။

ယူကေပြည်ထဲရေးဝန်ကြီးဌာနက မြန်မာကို ကျောင်းသားဗီဇာရပ်ဆိုင်းတာကြောင့် ပညာတော်သင်ဆု လျှောက်ခွင့်မရှိတော့တာပါ။

"ကျောင်းသားဟောင်းတစ်ယောက်အနေနဲ့ ချီးဗနင်းပရိုဂရမ်ပိတ်တဲ့အပေါ် ကျွန်တော်တကယ် ဝမ်းနည်းတယ်" လို့ ပညာ‌တော်သင်ဆုရပြီး ယူကေမှာကျောင်းတက်ခဲ့ဖူးသူတစ်ဦးက ပြောပါတယ်။