ရေကျော်စီးဝင်နေမှုကို တားဆီးရန် Geo Bag များဖြင့် အရေးပေါ်ပိတ်ဆို့
-------------------------------

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာအောက်ခံ မြစ်ကျိုးအင်းသဲကြောက ထူးပေါက်မှုကြောင့် တာနိမ့်ကျပြီး ရေကျော်စီးဝင်နေတာကို တားဆီးဖို့ Geo Bag တွေနဲ့ အရေးပေါ် တာပြန်စီးတာ၊ ပိတ်ဆို့တာတွေကို ဆောင်ရွက်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။
မြစ်ကျိုးအင်း သဲကြောကနေ ရေစိမ့်ထွက်နေတဲ့ ထူးပေါက်နေရာတွေကို ရေစီးလျှော့ချနိုင်ဖို့အတွက် သဲအပြည့် ဖြည့်ထားတဲ့ Geo Bag အိတ်ကြီးတွေကို ရေယာဉ်တွေ၊ သဲစုပ်သင်္ဘောတွေနဲ့ စက်ယန္တရားတွေ အသုံးပြုပြီး စနစ် တကျ ရေအောက်အထိ ဖိသိပ်ချပေးတာ၊ ထိုးကျနေတဲ့ တာနိမ့်ပိုင်းတွေကို သဲအိတ်တွေနဲ့ အဆင့်ဆင့် ထပ်မံဖုံး အုပ်ပြီး အောက်ခံအုတ်မြစ် ခိုင်ခံ့အောင် ပြန်လည်ပြုပြင်နေတာဖြစ်တယ်လို့ သိရပါတယ်။
စိုက်ပျိုးမြေတွေနဲ့ ဒေသခံပြည်သူတွေရဲ့ အိုးအိမ်တွေအတွင်းကို ရေထပ်မံ မဝင်ရောက်နိုင်စေဖို့ တာဝန်ရှိသူတွေ၊ နည်းပညာကျွမ်းကျင်သူတွေနဲ့ အလုပ်သမားတွေက စက်ယန္တရားတွေ၊ ရေယာဉ်တွေနဲ့အတူ အလှည့်ကျစနစ်နဲ့ တာပြန်ပိတ်နိုင်ရေး အရှိန်အဟုန်နဲ့ ၂၄ နာရီပတ်လုံး ဆက်လက်ကြိုးပမ်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

image