ဘာသာတရားမှတစ်ဆင့် ငြိမ်းချမ်းမှုနှင့် သာယာဝ ပြောမှုများကိုဆောင်ကြဉ်းပေးနိုင်ရေးအားပေးလျက်ရှိဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ပြော
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဘာသာတရားမှတစ်ဆင့် ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုများကိုဆောင် ကြဉ်းပေးနိုင်ရေးအားပေးလျက်ရှိသည်ဟု ယနေ့ သြဂုတ် ၅ ရက်နံနက်ပိုင်းတွင် မြန်မာနိုင်ငံကက်သလစ်ဆရာ တော်ကြီးများအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ကာဒီနယ် ချားလ်စ်ဘို ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်သမ္မတ၏ရုံးတော် ဧည့်ခန်းမဆောင်၌လက်ခံတွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဥ် နိုင်ငံတော်သမ္မတက ကိုး ကွယ်ရာဘာသာ သာသနာနှင့်ပတ် သက်၍ ခွဲခြားမှုများမထားရှိဘဲ ဘာသာတရားမှတစ်ဆင့် ငြိမ်းချမ်းမှုနှင့်သာယာဝပြောမှုများကိုဆောင်ကြဉ်းပေးနိုင်ရေးအားပေးလျက်ရှိပြီး နေပြည်တော်တွင် ကိုးကွယ်ရာဘာသာအ သီးသီး၏ ဝတ်ပြုရာနေရာများ ခန့် ညားသပ်ရပ်စွာတည်ဆောက်နိုင်ရေးအတွက် မြေနေရာများကိုခွင့်ပြုပေးခဲ့သည်ဟု ပြောကြားသည်။
နိုင်ငံတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းလျက်ရှိပြီး ငြိမ်းချမ်းရေးကိုတွေ့ဆုံဆွေးနွေးသည့် နည်းလမ်းဖြင့်သာ အကောင်အထည်ဖော်နိုင်မည်ဟုယုံကြည်ပြီး နိုင်ငံရေးတောင်းဆိုမှုများကို နိုင်ငံရေးနည်းလမ်းဖြင့်သာဖြေရှင်းသင့်သည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဘာသာရေးခေါင်းဆောင်များအနေဖြင့် ပြည်သူများ၏ အတွေးအခေါ်နှင့် စိတ်ဓာတ်များယဉ်ကျေးသိမ်မွေ့လာစေရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံတော်ငြိမ်းချမ်းသာယာရေးအတွက် ဘာသာတရား၏အဆုံးအမများဖြင့် ဆက်လက်ပံ့ပိုးပေးကြရန် နိုင်ငံတော်သမ္မတက မေတ္တာရပ်ခံခဲ့သည်။
ထို့အတူ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့၏ ဥက္ကဋ္ဌ ကာဒီနယ် ချားလ်စ်ဘို ကလည်း နိုင်ငံ တော်သမ္မတအနေဖြင့် နိုင်ငံတော်တာဝန်များကိုစိန်ခေါ်မှုများကြားမှ ကြိုးပမ်းထမ်းဆောင်နေမှုအပေါ် အသိအမှတ်ပြုကာ နိုင်ငံတော်သမ္မတအပါအဝင် မြန်မာပြည် သူပြည်သားအားလုံးငြိမ်းချမ်းသာယာကြပါစေဟု ဆုမွန်ကောင်းတောင်းခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတက ဆရာ တော်ကြီးများ၏ လိုအပ်ချက်များကိုမေးမြန်း၍ လိုအပ်သည်များကို ဖြည့် ဆည်းဆောင်ရွက်ပေးခဲ့သည်။