ဘီဆစ်တပ်သို့ ပြောင်းလုနီးပါး ဖြစ်ပြီးမှ ပြိုင်ဘက်ကလပ်သို့ ပြောင်းရန် နီးစပ်လာတဲ့ မိုဟာမက်ဆာလက်
====================
မိုဟာမက်ဆာလက်ဟာ ထရက်ဇွန်စပေါသို့ ပြောင်းရေး အပြီးသတ်လုနီးပါး ဖြစ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။
ထရက်ဇွန်စပေါဟာ အီဂျစ်အသင်းခေါင်းဆောင်အား ခေါ်ယူရေး အေးဂျင့်နှင့် ဆွေးနွေးမှုများ ပြုလုပ်နေရာ အလုံးစုံသဘောတူညီမှု ရလုနီးပါး ဖြစ်နေပြီလည်း ဖြစ်ပါတယ်။
ဆာလက်ဟာ အစောပိုင်းတုန်းက ဘီဆစ်တပ်သို့ ပြောင်းရေး ဆွေးနွေးခဲ့ရာ နှုတ်အားဖြင့် သဘောတူညီမှု ရခဲ့ပေမဲ့လည်း ယခုအခါ ပြိုင်ဘက် ထရာဇွန်စပေါသို့ ပြောင်းလာဖို့ ရှိနေပြီလည်း ဖြစ်ပါတယ်။
မိုဟာမက်ဆာလက်ဟာ ထရက်ဇွန်စပေါနှင့် တစ်နှစ်လုပ်ခ ယူရို ၁၀ သန်းတန် ၁ နှစ်စာချုပ်ချုပ်ဆိုလာမှာဖြစ်ပြီး စာချုပ်အတွင်းတွင် ၁ နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ကိုလည်း ထည့်သွင်းလာပါမယ်။
ဒါ့အပြင် မိုဟာမက်ဆာလက်ဟာ အပိုဆုကြေး ယူရို ၂ သန်းလည်း ရရှိလာဦးမှာ ဖြစ်ပါတယ်။
မိုဟာမက်ဆာလက်ဟာ လီဗာပူးတွင် ၉ နှစ်ကြာ ကစားစဉ်အတွင်း ၄၄၂ ပွဲကစားကာ ၂၅၇ ဂိုးသွင်းယူပေးခဲ့သူ ဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ရာသီအကုန်တွင် လီဗာပူးနှင့် တစ်နှစ်ကျန် စာချုပ်အား နှစ်ဦးသဘောတူဖျက်သိမ်းကာ ထွက်ခွာလာခဲ့သူလည်း ဖြစ်ပါတယ်။