4 ရက် - ဘာသာပြန်ပါ။

လာမယ့် ရွေးကောက်ပွဲတွင် အင်ဖန်တီနိုအား မဲမပေးကြရန် ယူအီးအက်ဖ်အေအဖွဲ့ဝင် နိုင်ငံတိုင်းကို ဥက္ကဌတိုက်တွန်းလာ
======================

ယူအီးအက်ဖ်အေဥက္ကဌအလက်ဇန္ဒားစီဖီရန်ဟာ ဥရောပဘောလုံးအဖွဲ့ချုပ်ဝင် နိုင်ငံများအား ဂျီယန်နီအင်ဖန်တီနိုအား မထောက်ခံကြတော့ရန် တိုက်တွန်း ပြောကြားလာပါတယ်။
ဖီဖာဥက္ကဌဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ရောင်းစားရန် ကြံစည်မှုကြောင့် ရာထူးမှ နုတ်ထွက်ရေး ဖိအားပေးခြင်းခံနေရသူလည်း ဖြစ်ပါတယ်။
အသက် ၅၆ နှစ်ရှိ အင်ဖန်တီနိုဟာ လက်အောက်ခံ စီးပွားရေးကုမ္ပဏီ Fifa Forward Enterprise ကို တည်ထောင်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ပုဂ္ဂလိကရင်းနှီးမြှပ်နှံသူများထံ ရောင်းချကာ ငွေရှာရေး ကြံစည်ခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းအစီအစဉ်ကို ယူအီးအက်ဖ်အေက ဦးဆောင်က့န်ကွက်မှု ပြုလုပ်ခဲ့ပြီး အာရှဘောလုံးအဖွဲ့ချုပ်၊ ကွန်ကာကပ်ဖ်ဘောလုံအးဖွဲ့ချုပ်တို့က ကန့်ကွက်ခဲ့ကြပါတယ်။
နောက်ဆုံးမှာတော့ အင်ဖန်တီနိုက ကမ္ဘာ့ဖလားကို ရောင်းစားမယ့် အကြံအစည်အား ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ကြေညာလာခဲ့ပါတယ်။
ဒါပေမဲ့ ယူအီးအက်ဖ်အေက ဖီဖာအား ဦးဆောင်နေတဲ့ အင်ဖန်တီနိုရဲ့ ခေါင်းဆောင်မှုအပေါ် အယုံအကြည် မရှိတော့ကြောင်း ကြေညာခဲ့ပါတယ်။
တဖက်တွင် စီဖီရန်ဟာ လာမယ့် ဖီဖာဥက္ကဌရွေးကောက်ပွဲတွင် အင်ဖန်တီနိုအား ထောက်ခံခြင်း မပြုလုပ်ကြရန် ဥရောပဘောလုံးအဖွဲ့ချုပ်ဝင် နိုင်ငံများအား တိုက်တွန်းမှု ပြုလုပ်ထားကြောင်း သိရပါတယ်။
ဖီဖာဥက္ကရွေးကောက်ပွဲကို ၂၀၂၇ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင် မော်ရိုကိုနိုင်ငံ၊ ရာဘက်တွင် ပြုလုပ်မယ့် ဖီဖာကွန်ဂရက်တွင် ကျင်းပသွားမှာ ဖြစ်ပြီး အင်ဖန်တီနိုက စတုတ္ထမြောက်ဥက္ကဌအဖြစ် ပြိုင်ဘက်မရှိ ရွေးချယ်ခြင်းခံရရန် ရေပန်းစားနေပါတယ်။
လက်ရှိအချိန်တွင် ပီအက်စ်ဂျီဥက္ကဌနက်စ်ဆာအယ်ခီလိုင်ဖီက ဖီဖာဥက္ကဌရာထူးအတွက် ယှဉ်ပြိုင်ရေး ရေပန်းစားနေပေမဲ့လည်း ကာတာဘောလုံးအဖွဲ့ချုပ်ကမူ အင်ဖန်တီနိုကိုပင် ဆက်လက် ထောက်ခံလာဖို့ ရှိနေပါတယ်။

image