4 ရက် - ဘာသာပြန်ပါ။

မွေးဖွားကြီးပြင်းရာ ကျွန်းတွင် ဂျော်ဂျီနာရိုဒရီဂွက်ဇ်နှင့် လက်ထပ်မင်္ဂလာပွဲ ခြိမ့်ခြိမ့်သည်း ကျင်းပလာမယ့် ခရစ္စတီယာနိုရော်နယ်ဒို
====================

ပေါ်တူဂီစူပါစတားခရစ္စတီယာနိုရော်နယ်ဒိုဟာ သူ မွေးဖွား ကြီးပြင်းရာတွင် ကျွန်းတွင် ချစ်သူဂျော်ဂျီနာရိုဒရီဂွက်ဇ်နှင့် လက်ထပ်မင်္ဂလာပွဲ ကျင်းပလာတော့မှာ ဖြစ်ပါတယ်။
ရော်နယ်ဒိုနှင့် ဂျော်ဂျီနာတို့ဟာ မာဒိုင်ရာကျွန်းမှာ စုလွှားလက်ထပ်မင်္ဂလာပွဲကျင်းပရန် ဆုံးဖြတ်လာကြတာလည်း ဖြစ်ပါတယ်။
ဒေသခံမီဒီယာများရဲ့ဖော်ပြမှုအရ ယင်းကျွန်းရဲ့ မြို့ဖြစ်တဲ့ ဖန်ချယ်ရှိ အကြီးမားတဲ့ ဘုရားကျောင်တွင် လာမယ့်အပတ်စနေနေ့မှာ မင်္ဂလာပွဲကြီး ကျင်းပရန် ဘုတ်ကင်တင်ထားကြောင်း သိရပါတယ်။
ယင်းလက်ထပ်မင်္ဂလာပွဲကို ညနေ ၃ နာရီမှာ စတင်ပါမယ်။
အသက် ၄၁ နှစ်ရှိ ပေါ်တူဂီဂန္ထဝင်ဟာ ဖန်ချယ်တွင် မွေးဖွားကြီးပြင်းသူ ဖြစ်ပြီး ယင်းကျွန်းရှိ ကြယ်ငါးပွင့် အဆင့်ရှိ Savoy Palace ဟိုတယ်အား ဧည့်သည်များအတွက် စီစဉ်ထားပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ၂၀၁၆ ခုနှစ်တွင် ရီးရဲလ်မက်ဒရစ်မှာ ကစားနေစဉ် စပိန်-အာဂျင်တီးနားကပြား ဂျော်ဂျီနာနှင့် တွေ့ဆုံ ချစ်ကြိုက်ခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဩဂုတ်လတုန်းက လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်တုန်းက ရော်နယ်ဒိုနှင့် ဂျော်ဂျီနာတို့အား မာဂျော်ကာကျွန်းရှိ အပျော်စီးရွက်လှေသို့ တက်ချိန်တွင် စိန်လက်စွပ် ကိုယ်စီဖြင့် တွေ့ရပြီးနောက် လက်ထပ်ကြတော့မယ်လို့ သတင်းများ ထွက်ပေါ်လာခဲ့တာပါ။
ရော်နယ်ဒိုက ကမ္ဘာ့ဖလားအပြီးတွင် ဂျော်ဂျီနာနှင့် လက်ထပ်ရန် စီစဉ်ထားကြောင်း လူသိရှင်ကြား ပြောကြားထားသူလည်း ဖြစ်ပါတယ်။

image