5 ရက် - ဘာသာပြန်ပါ။

NSPNC နှင့် UWSP တို့နှစ်ရက်တာဆွေးနွေးညှိနှိုင်းချက်များအရ ညှိနှိုင်းရရှိချက်များအားမှတ်တမ်းတင်လက်မှတ်ရေးထိုး

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် "ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)တို့ သြဂုတ် ၄ ရက်က ဒုတိယနေ့ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ပြီး နှစ်ရက်တာဆွေးနွေးညှိနှိုင်းချက်များအရ ညှိနှိုင်းရရှိချက်များအားမှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့ပြင် ဆွေးနွေးပွဲပထမရက်၌ ဆက်လက်ဆွေးနွေးရန်ကျန်ရှိသည်များအား ဆွေးနွေးပြီးနောက် နှစ်ရက်တာ ဆွေးနွေးညှိနှိုင်းရရှိချက်များအား မှတ်တမ်းတင်ခဲ့ကြသည်။
ထို့နောက် NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က UWSP သည် မြန်မာ-တရုတ် နယ်နိမိတ်အနီးတွင်တည် ရှိပြီး သံတမန်ဆက်ဆံရေးအတွက်အရေးကြီးသည့်နေရာတစ်ခုဖြစ်ကာ မိမိတို့အမြဲမပြတ်ထိတွေ့ဆက်ဆံခြင်းသည် မြန်မာ-တရုတ် ဆက်ဆံရေးအတွက် အရေးကြီးသည့်အထောက်အပံ့ဖြစ်သည်ဟု ပြောသည်။
NSPNC အနေဖြင့် မည်သည့်တိုင်း ရင်းသားမဆို တိုင်းရင်းသားညီအစ်ကိုရင်းချာသဖွယ်သတ်မှတ်ပြီး တန်းတူဆွေးနွေးဆောင်ရွက်ကာ ယနေ့ ဆွေးနွေးပွဲသည် အလွန်တန်ဖိုးရှိသည့်ခြေ လှမ်းတစ်ခုဖြစ်ပြီး အနာဂတ်အတွက် မျှော်လင့်ချက်များစွာရှိသောခြေလှမ်းများကို ရှေ့ဆက်လျှောက်လှမ်းနိုင်ရေးအစပြုခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
ထို့အတူ UWSP ဒုတိယဥက္ကဋ္ဌဦးကျောက်ကော်အန်းက နိုင်ငံရေးနည်းလမ်းဖြင့် သဘောထားကွဲလွဲမှုများကိုဖြေရှင်းရန်၊ ငြိမ်းချမ်းသောနည်းလမ်းဖြင့်သဘောတူညီမှုများတည်ဆောက်ရန်နှင့် ငြိမ်းချမ်းရေးလမ်းစဉ်ကိုမြဲမြံစွာလျှောက်လှမ်းရန်ထောက်ခံပြီး တိုင်း ရင်းသားစည်းလုံးညီညွတ်မှုနှင့် အတူယှဉ်တွဲနေထိုင်မှုသည် နိုင်ငံတော်၏ ရေရှည်တည်ငြိမ်အေးချမ်းရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည်ဟု ပြောကြားသည်။
နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းပြီး စည်းလုံးညီညွတ်မှုရှိသောအခင်းအကျင်းကို အတူတကွထိန်းသိမ်းသွားရန်ဆန္ဒရှိ၍ မြန်မာနိုင်ငံအတွက် ရေရှည်တည်တံ့သောငြိမ်းချမ်းရေး၊ ရေရှည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွတွန်းအားပေးဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

image