ပုလဲမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိသောငလျင်လှုပ်ခတ်
ညောင်ဦးမြေငလျင်စခန်းမှတိုင်းထွာရရှိချက်အရ ပုလဲမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု ယနေ့ သြဂုတ် ၅ ရက်နံနက်ပိုင်းကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ပုလဲမြို့၏ အနောက်ဘက်(၂၂)မိုင်ခန့်အကွာ၊ အနက် (၈၉)ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၄ ဒသမ ၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုသည် နံနက် ၆ နာရီ ၄၁ မိနစ် ၅၇ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။