2 ပတ် - ဘာသာပြန်ပါ။

အက်သလက်တီကိုစတားအယ်ဗာရက်ဇ်ကို တရားမဝင် ဆက်သွယ်မှုဖြင့် ဘာစီလိုနာ စုံစမ်းစစ်ဆေးခြင်းခံလာရ
=====================

စပိန်ဘောလုံးအဖွဲ့ချုပ်ဟာ အက်သလက်တီကိုမက်ဒရစ်ထံမှ တိုင်ကြားချက် ရရှိလာပြီးနောက် ဘာစီလိုနာအား ဂျူလီယန်အယ်ဗာရက်ဇ်ကို တရားမဝင် ဆက်သွယ်မှုဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လာပါတယ်။
အက်သလက်တီကိုက အာဂျင်တီးနားတိုက်စစ်သမားအယ်ဗာရက်ဇ်ကို အရောင်းစာရင်းတင်ထားခြင်း မရှိပေမဲ့လည်း ဘာစီလိုနာက တရားမဝင် ဆက်သွယ်မှု ပြုလုပ်ခဲ့ကြောင်း တိုင်ချက်ဖွင့်လာတာပါ။
အက်သလက်တီကိုဟာ အသက် ၂၆ နှစ်ရှိ အယ်ဗာရက်ဇ်အား တရားမဝင် ဆက်သွယ်မှုအတွက် ဘာစီလိုနာအား စုံစမ်းစစ်ဆေးပေးရန် ဇွန်လ ၃၀ ရက်နေ့တုန်းက စပိန်ဘောလုံးအဖွဲ့ချုပ်ထံ တိုင်ကြားခဲ့တာလည်း ဖြစ်ပါတယ်။
အယ်ဗာရက်ဇ်ဟာ အက်သလက်တီကိုနှင့် ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူ ဖြစ်ပါတယ်။
အက်သလက်တီကိုက ယင်းသို့ အယ်ဗာရက်ဇ်အား တရားမဝင် ဆက်သွယ်ဆိုပြီး တိုင်ကြားမှုပြုလုပ်ထားပေမဲ့လည်း ဘာစီလိုနာဥက္ကဌဂျိုအန်လာပေါ်တာက ဇူလိုင်လ ၁၃ ရက်နေ့က မန်စီးတီးစတားဟောင်းအား ခေါ်ယူရေး တရားဝင်ကမ်းလှမ်းမှု ပြုလုပ်ထားကြောင်း လူသိရှင်ကြား ပြောဆိုမှု ပြုလုပ်ထားပါတယ်။
ဒါပေမဲ့ အက်သလက်တီကိုကတော့ အယ်ဗာရက်ဇ်ရဲ့ အပြောင်းအရွှေ့အတွက် တစုံတရာ ဆွေးနွေးမှု ပြုလုပ်ရန် ခါးခါးသီးသီး ငြင်းဆိုမှု ပြုလုပ်ထားပါတယ်။
အက်သလက်တီကိုနှင့် ဘာစီလိုနာတို့အကြား ခါးသီးမှုများ ဖြစ်နေပေမဲ့လည်း ယခု အပြောင်းအရွှေ့တွင် ကစားသမားရဲ့ ဆန္ဒကလည်း အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အယ်ဗာရက်ဇ်က အက်သလက်တီကိုမှ ထွက်ခွာကာ စိန်ခေါ်မှုသစ် ရရှိလိုကြောင်း လူသိရှင်ကြား ပြောဆိုခဲ့ဖူးပါတယ်။
ယခုကဲ့သို့ အက်သလက်တီကိုဘက်က စပိန်ဘောလုံးအဖွဲ့ချုပ်ထံသို့ တိုင်ကြားမှု ပြုလုပ်လာပေမဲ့လည်း ဘာစီလိုနာကမူ ယင်းတိုင်ကြားမှုမှာ အပြောင်းအရွှေ့ မဖြစ်စေရေး တားဆီးမှုတစ်ခုလို့သာ ယုံကြည်နေပြီး ဥပဒေလမ်းကြောင်းအရ အသင်းကို ကာကွယ်ရေး လုပ်ဆောင်နေပါတယ်။
အယ်ဗာရက်ဇ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး အပန်းဖြေအနားယူနေပြီး လာမယ့် ဩဂုတ်လ ၁၀ ရက်နေ့တွင် အက်သလက်တီကိုနှင့် ပြန်လည်ပူးပေါင်းလာချိန်တွင် အနာဂတ်နှင့်ပတ်သက်ပြီး ကလပ်နှင့် ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ဆောင်လာဖို့ ရှိနေပါတယ်။
အယ်ဗာရက်ဇ်နှင့် အက်သလက်တီကိုတို့အကြား မျက်နှာချင်းဆိုင် ပြတ်သားစွာ ဆွေးနွေးမှုက ကလပ်နှစ်ခုအကြား ပြဿနာအတွက် အဖြေတစ်ခု ဖြစ်လာဖို့လည်း ရှိနေပါတယ်။

image