2 ပတ် - ဘာသာပြန်ပါ။

လျို့ဝှက် ရမှတ် ၆ မှတ်အလျှော့ခံရပြီးနောက် အယူခံအောင်မြင်ကာ ဒဏ်ငွေ ပေါင် ၁၀ သန်းဖြင့် အဆင်ပြေသွားခဲ့တဲ့ ချဲလ်ဆီး
=========================

ချဲလ်ဆီးဟာ ပိုင်ရှင်ဟောင်းရိုမန်အေဘရာမိုဗစ်ချ် လက်ထက် ၂၀၀၉ ခုနှစ်မှ ၂၀၀၂၂ ခုနှစ်အတွင်းတွင် အေးဂျင့်များအား ငွေပေးမှုများ ပြုလုပ်ကာ စည်းမျဉ်းချိုးဖောက်ခဲ့မှုအတွက် ရမှတ် ၆ မှတ်လျှော့ချခြင်းခံခဲ့ရပေမဲ့လည်း အက်ဖ်အေအယူခံဝင်အောင်မြင်လာမှုနှင့်အတူ ဒဏ်ငွေ ပေါင် ၁၀ သန်းပြောင်းလဲကျခံလာရပါတယ်။
ဒါ့အပြင် ချဲလ်ဆီးဟာ ၂၀၂၇ ခုနှစ် ဇွန်လအထိ အပြောင်းအရွှေ့နှစ်ခု ကစားသမားသစ်မှတ်ပုံတင်ခွင့်လည်း ပိတ်ပင်ခြင်းခံလာရပါတယ်။
ပိုင်ရှင်တော့ဒ်ဘိလေးနှင့် Clearlake Capital တို့ဟာ ၂၀၂၂ ခုနှစ်တုန်းက ချဲလ်ဆီးအား ဝယ်ယူစဉ်တုန်းက ယခင်ကာလတုန်းက စည်းမျဉ်းချိုးဖောက်မှုများအတွက် အက်ဖ်အေကို ကိုယ်တိုင်တင်ပြမှု ပြုလုပ်ခဲ့ပါတယ်။
ချဲလ်ဆီးက ၂၀၁၁ ခုနှစ်မှ ၂၁၀၁၈ ခုနှစ်အတွင်းတွင် အပြောင်းအရွှေ့များအတွက် မှတ်ပုံတင်ထားခြင်းမရှိတဲ့ အေးဂျင့်များနှင့် တတိယအဖွဲ့အစည်းများထံသို့ ပေါင် ၄၇ သန်းလျို့ဝှက်ပေးခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
အက်ဖ်အေက အထက်ပါအမှုနှင့်ပတ်သက်ပြီး အမှုနှင့်သက်ဆိုင်တဲ့ တစ်ဦးချင်းစီကို ဆက်လက် စစ်ဆေးမှုများ ပြုလုပ်နေကြောင်းလည်း ကြေညာသွားပါတယ်။
ချဲလ်ဆီးဟာ ပေါင် ၂၆ သန်းအထိ ဒဏ်ရိုက်ခြင်းခံခဲ့ရပေမဲ့ အက်ဖ်အေက အမှုအား ကိုယ်တိုင်တင်ပြလာမှုနှင့်အတူ ပေါင် ၁၇.၂၅ သန်းသို့‌‌ လျှော့ချခြင်းခံခဲ့ရပါတယ်။
တဖက်တွင် ချဲလ်ဆီးက ယူအီးအက်ဖ်အေနှင့် ပရီးမီးယားလိဂ်ထံသို့ ဒဏ်ကြေး ပေးဆောင်ထားပြီးဖြစ်တာကြောင့် နောက်ထပ် ၁၁.၄ သန်းလျှော့ချခြင်းခံခဲ့ရကာ နောက်ထပ် ပေါင် ၁၁.၄ သန်းသို့ ထပ်မံလျှော့ချကာ နောက်ဆုံး ပေါင် ၁၀ သန်း ဒဏ်ရိုက်လာတာလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးရဲ့ ဒဏ်ငွေ ပေါင် ၁၀ သန်းကို လူငယ်ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အသုံးပြုလာပါမယ်။
မတ်လတုန်းကလည်း ချဲလ်ဆီးဟာ ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း အကယ်ဒမီကစားသမားမှတ်ပုံတင်မှုများတွင် စည်းကမ်းချိုးဖောက်မှုအတွက် ၉ လအကယ်ဒမီကစားသမားမှတ်ပုံတင်ခွင့် ပိတ်ပင်ခြင်းခံခဲ့ရသလို ပေါင် ၇၅၀၀၀၀ ဒဏ်ရိုက်ခံခဲ့ရပြီးလည်း ဖြစ်ပါတယ်။
အထက်ပါ စည်းမျဉ်းချိုးဖောက်မှုအားလုံးမှာ ရိုမန်အေဘရာမိုဗစ်ချ်လက်ထက်တုန်းက လုပ်ဆောင်ခဲ့မှုများအတွက် ကျခံခဲ့ရတာ ဖြစ်ပါတယ်။

image