တားမြစ်ဆေးစွပ်စွဲမှုအယူခံအောင်မြင်သွားပြီးနောက် ချဲလ်ဆီးအတွက် ပြန်ကစားလာနိုင်တော့မယ့် မူဒရစ်
===================
ချဲလ်ဆီးတောင်ပံကစားသမားမိုင်ခေလိုမူဒရစ်ဟာ တားမြစ်ဆေးသုံးစွဲမှုအတွက် ၄ နှစ်ပွဲပယ်ပြစ်ဒဏ်အား အားကစားသမာဓိခုံရုံးတွင် အယူခံဝင်မှု အောင်မြင်လာမှုနှင့်အတူ ချဲလ်ဆီးအတွက် ပြန်ကစားလာနိုင်တော့မှာ ဖြစ်ပါတယ်။
အသက် ၂၅ နှစ်ရှိ ယူကရိန်းတောင်ပံကစားသမားဟာ ပိတ်ပင်ထားတဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလကတည်းက ချဲလ်ဆီးအတွက် ပွဲကစားလာသူဖြစ်ပြီး ယင်းနောက် တစ်လအကြာတွင် အက်ဖ်အေက ပိတ်ပင်ထားတဲ့ မယ်ဒိုနီယမ်ပါ ဆေးကို အသုံးပြုမှုအတွက် ၄ နှစ်ပွဲပယ်ခြင်းခံခဲ့ရပါတယ်။
သူဟာ အက်ဖ်အေရဲ့ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ ၄ နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပေမဲ့လည်း အားကစားသမာဓိခုံရုံးတွင် အယူခံဝင်ခဲ့ပါတယ်။
အားကစားသမာဓိခုံရုံးက အပြစ်ရှိကြောင်း ဝန်ခံခဲ့တဲ့ မူဒရစ်မှာ ပြစ်ဒဏ်တစ်ဝက်အား ကျခံခဲ့ပြီးဖြစ်ရာ ကျန်တစ်ဝက်ကို ကင်းလွတ်ခွင့်ပေးလာတာလည်း ဖြစ်ပါတယ်။
မူဒရစ်ဟာ ဟောင်ကောင်ရှိ ချဲလ်ဆီးရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့် ပူးပေါင်းကာ ပွဲကစားနိုင်ရေး ကြံ့ခိုင်မှုပြည့်ဝအောင် လုပ်ဆောင်လာဖို့ ရှိနေပါတယ်။
ချဲလ်ဆီးအတွက် မူဒရစ် နောက်ဆုံးကစားခဲ့တာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တုန်းက ကွန်ဖရင့်လိဂ်ပွဲစဉ်မှာ ဖြစ်ပါတယ်။
မူဒရစ်ဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ယူကရိန်းကလပ်ရှက်တာဒိုးနက်စ်မှ ချဲလ်ဆီးသို့ ပေါင်သန်း ၇၀ ဖြင့် ပြောင်းလာသူ ဖြစ်ပြီး စာချုပ်မှာ ၂၀၃၁ ခုနှစ်တွင်မှ ကုန်ဆုံးပါမယ်။