3 ပတ် - ဘာသာပြန်ပါ။

အင်ဖန်တီနိုမှာ ဖီဖာကို မဦးဆောင်သင့်တဲ့ လူမှားဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ဘန်းဟမ်ဝေဖန်လာ
======================

ဗြိတိန်ဝန်ကြီးချုပ်အင်ဒီဘန်းဟမ်က ဂျီယန်နီအင်ဖန်တီနိုမှာ ဖီဖာကို မှားယွင်းစွာ ဦးဆောင်နေတဲ့ လူမှားတစ်ဦး ဖြစ်ကြောင်း ဝေဖန်လာပါတယ်။
အင်ဖန်တီနိုဟာ ဖီဖာက ကြီးမှူးကျင်းပတဲ့ ကမ္ဘာ့ဖလားအပါအဝင် ပြိုင်ပွဲများအား ပုဂ္ဂလိက ရင်းနှီးမြှပ်နှံသူများထံ ရောင်းချရေး လုပ်ဆောင်နေမှုကြောင့် စီနီယာအကြံပေးကိုယ်တိုင် ရာထူးမှ နုတ်ထွက်သွားကာ ဝေဖန်မှုများ ကြုံနေရသူ ဖြစ်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်သစ်ဟာ ယင်းအစီအစဉ် ထွက်ပေါ်လာကတည်းက အင်ဖန်တီနိုအား ဝေဖန်လာသူ ဖြစ်ပြီး ယနေ့ သတင်းထောက်များနှင့် တွေ့ဆုံချိန်တွင်လည်း "ဒါက ဆိုးရွားတဲ့ အကြံပြုချက်တစ်ခုပါ။ ဒါကိုတောင် အားလုံးရဲ့ရှေ့သို့ ချပြလာတယ်ဆိုတော့ သူက ဒီအဖွဲ့ကို ဦးဆောင်ဖို့ မှားယွင်းတဲ့ လူတစ်ယောက် ဖြစ်နေတယ်ဆိုတာ ပြသနေပါတယ်"လို့ ပြောကြားသွားပါတယ်။
အာရှဘောလုံးအဖွဲ့ချုပ်က ဥရောပနှင့် ကွန်ကာကပ်ဖ်တို့နှင့်အတူ အင်ဖန်တီနိုရဲ့အစီအစဉ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း ကြေညာချက်များ ထုတ်ပြန်လာပြီးနောက် ဗြိတိန်ဝန်ကြီးချုပ်က ထပ်မံဝေဖန်လာတာ ဖြစ်ပါတယ်။
အာရှဘောလုံးအဖွဲ့ချုပ်က အင်ဖန်တီနိုရဲ့အစီအစဉ်မှာ ရှေ့ဆက်ချီတက်ဖို့ ကျယ်ပြန့်တဲ့ သဘောတူညီချက်နှင့် စည်းလုံးညီညွတ်မှု လက်တွေ့ကြခြင်း မရှိကြောင်း ကြေညာခဲ့ပါတယ်။
ယင်းသို့ အာရှဘောလုံးအဖွဲ့ချုပ်က ကြေညာပြီးနောက် နာရီအနည်းငယ်အကြာတွင် အင်ဖန်တီနိုရဲ့ စီနီယာအကြံပေး အမေရိကန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဟောင်းကားလို့စ်ကော်ဒိုင်ရိုက ယင်းအစီအစဉ်မှာ ဘောလုံးလောကအား ဆိုးရွားတဲ့ ထိခိုက်နစ်နာစေလာနိုင်တဲ့ အစီအစဉ်ဖြစ်ကြောင်း ဝေဖန်ကာ ရာထူးမှ နုတ်ထွက်ခဲ့ပါတယ်။
အင်ဖန်တီနိုဟာ ယင်းအစီအစဉ် ဖြစ်မြောက်လာရေးအတွက် ဖီဖာအဖွဲ့ဝင် နိုင်ငံ ၂၁၁ တို့ထံမှ မဲ ၁၀၆ ရရှိရန် လိုအပ်နေပါတယ်။
လက်ရှိအချိန်တွင် ယူအီးအက်ဖ်အေ (၅၅ နိုင်ငံ)၊ ကွန်ကာကပ်ဖ်(၃၅ နိုင်ငံ)နှင့် အာရှဘောလုံးအဖွဲ့ချုပ်(၄၆ နိုင်ငံ)တို့က ကန့်ကွက်ထားရာ အင်ဖန်တီနိုရဲ့ အစီအစဉ်အား ၁၃၆ နိုင်ငံတို့က ကွန့်ကွက်ထားကြပါတယ်။
တဖက်တွင် အင်ဖန်တီနိုက ယင်းအစီအစဉ်ကြောင့် ဘောလုံးအဖွဲ့ချုပ်တစ်ခုစလျှင် ဒေါ်လာသန်း ၄၀ အထိ ထောက်ပံ့ကြေး ရရှိလာမှာဖြစ်ကြောင်း မဲဆွယ်ထားမှုနှင့်အတူ အာဖရိကဘောလုံးအဖွဲ့ချုပ်ဝင် နိုင်ငံအများစုက ထောက်ခံနေကြောင်းလည်း တွေ့ရပါတယ်။

image