4 ရက် - ဘာသာပြန်ပါ။

အာရှဘောလုံးအဖွဲ့ချုပ်က အစီအစဉ်အား ကန့်ကွက်လာမှုနှင့်အတူ အင်ဖန်တီနိုရဲ့ စီနီယာအကြံပေး ရာထူးမှ နုတ်ထွက်လာ
=======================

ဂျီယန်နီအင်ဖန်တီနိုရဲ့ စီနီယာအကြံပေးတစ်ဦးဟာ ဖီဖာဥက္ကဌရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအပါအဝင် ပြိုင်ပွဲကြီးများရဲ့ ရှယ်ယာများအား ပုဂ္ဂလိကရင်းနှီးမြှပ်နှံသူများထံ ရောင်းချမယ့် အစီအစဉ်အား တတိယမြောက် ဘောလုံးအဖွဲ့ချုပ်အဖြစ် အာရှဘောလုံးအဖွဲ့ချုပ်က ကန့်ကွက်ကြောင်း ကြေညာလာပြီးနောက် နာရီအနည်းငယ်အကြာတွင် ရာထူးမှ နုတ်ထွက်လာပါတယ်။
အမေရိကန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဟောင်းကားလို့စ်ကော်ဒိုင်ရိုက အင်ဖန်တီနိုရဲ့ အစီအစဉ်မှာ ဘောလုံးလောကတွင် ဆိုးရွားတဲ့ ရောင်းချမှု ဖြစ်လာမှာ ဖြစ်ပြီး ဘောလုံးရဲ့အနာဂတ်ကို ထိခိုက်လာလိမ့်မယ်လို့ ဆိုထားပါတယ်။
အာရှဘောလုံးအဖွဲ့ချုပ်က ဥရောပ၊ မြောက်/ဗဟို/အမေရိကနှင့် ကာရေဘီယံဘောလုံးအဖွဲ့ချုပ်တို့နှင့်အတူ တစ်သားတည်း ရပ်တည်ကြောင်း လူသိရှင်ကြား ကြေညာပြီးနောက် ကော်ဒိုင်ရိုက ရာထူးမှ နုတ်ထွက်လာတာလည်း ဖြစ်ပါတယ်။
တဖက်တွင် အာရှဘောလုံးအဖွဲ့ချုပ်က အင်ဖန်တီနိုရဲ့ အစီအစဉ်ကို ဖီဖာအဖွဲ့ဝင် နိုင်ငံပေါင်း ၂၁၁ တို့က မဲပေးဆုံးဖြတ်လာချိန်တွင် မဲခွဲချိန်တွင် အနိုင်ရလာနိုင်ခြေ မရှိကြောင်းလည်း ဆိုထားပါတယ်။
အင်ဖန်တီနိုဟာ ဖီဖာအဖွဲ့ဝင် နိုင်ငံပေါင်း ၂၁၁ တို့မှ နိုင်ငံပေါင်း ၁၀၆ နိုင်ငံရဲ့ ထောက်ခံမှု ရရှိမှသာ အောင်မြင်လာပါမယ်။
ယူအီးအက်ဖ်အေတွင် မဲ ၅၅ မဲ၊ ကွန်ကာကပ်ဖ်တွင် ၃၅ မဲနှင့် အာရှတွင် ၄၆ မဲ ရှိနေရာ ယင်းမဲအားလုံးက ဆန့်ကျင်မဲပေးလာမည်ဆိုပါက အင်ဖန်တီနိုရဲ့ အစီအစဉ် အောင်မြင်လာမှာ မဟုတ်ပါဘူး။
ယူအီးအက်ဖ်အေဟာ ကြာသပတေးတေးနေ့တုန်းက အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် ဖီဖာကသာ ကမ္ဘာ့ဖလားအပါအဝင် ပြိုင်ပွဲကြီးများအား ပုဂ္ဂလိက ရင်းနှီးမြှပ်နှံသူများထံ ရောင်းချလာမည်ဆိုပါက အမျိုးသားနှင့် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲအပြင် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ ဝင်ရောက် မယှဉ်ပြိုင်ဘဲ သပိတ်မှောက်မယ်လို့ ကြေညာထားပါတယ်။
အင်ဖန်တီနိုက ယင်းအစီအစဉ်သာ အောင်မြင်ပါက ဘောလုံးအဖွဲ့ချုပ်တစ်ခုလျှင် ဒေါ်လာသန်း ၄၀ အထိ ထောက်ပံ့ကြေး ရရှိလာမယ်လို့ ကတိပြုကာ မဲဆွယ်ထားပြီး အာဖရိကဘောလုံးအဖွဲ့ချုပ်အများစုက ထောက်ခံအားပေးနေကြပါတယ်။
လက်ရှိအချိန်တွင် အာဖရိကဘောလုံးအဖွဲ့ချုပ်နှင့် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်တို့က အင်ဖန်တီနိုရဲ့အစီအစဉ်အား ကြေညာချက် မထုတ်ပြန်ရသေးပါဘူး။

image