4 ရက် - ဘာသာပြန်ပါ။

ရီးရဲလ်မက်ဒရစ်စတားနှစ်ဦးအား အလွန်ထူးခြားတဲ့အချက်ဖြင့် ဝယ်ယူရန် သဘောတူညီမှုရရှိလာတဲ့ ဖူလ်ဟမ်
===================

ဖူလ်ဟမ်ဟာ ရီးရဲလ်မက်ဒရစ်မှ ဂွန်ဇာလိုဂါစီယာနှင့် ဆီဇာပလာစီယို့စ်တို့အား အလွန်ထူးခြားတဲ့ အချက်ဖြင့် ဝယ်ယူရန် သဘောတူညီမှု ရရှိလာပြီ ဖြစ်ပါတယ်။
ဖူလ်ဟမ်နည်းပြသစ်အယ်ဗာရိုအာဘီလိုအာဟာ ၂၀၂၆-၂၇ ရာသီသစ်မစတင်မီ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်မှ ပါရမီရှင်ကစားသမားများကို ခေါ်ယူကာ အသင်းကို အားဖြည့်ရန် ကြိုးပမ်းလာတာလည်း ဖြစ်ပါတယ်။
Maca ရဲ့ဖော်ပြလာမှုအရ ဖူလ်ဟမ်ဟာ အသက် ၂၂ နှစ်ရှိ ဂါစီယာနှင့် အသက် ၂၁ နှစ်ရှိ ပလာစီယို့စ်တို့ ၂ ဦးတို့အား ပေါင်သန်း ၅၀ ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိလာကြောင်း သိရပါတယ်။
ဒါပေမဲ့ အနောက်လန်ဒန်ကလပ်ဟာ ယင်းကစားသမားတို့အား ပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်ခွင့်ရရှိလာပါမယ်။
ကျန် ၃၀ ရာခိုင်နှုန်းကို ရီးရဲလ်မက်ဒရစ်က ဆက်လက် ပိုင်ဆိုင်နေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရီးရဲလ်မက်ဒရစ်အနေဖြင့် ဖူလ်ဟမ်က ယင်းကစားသမားတို့အား အနာဂတ်တွင် ရောင်းချလာချိန်မှာ ပြောင်းရွှေ့ကြေးရဲ့ ၃၀ ရာခိုင်နှုန်းအား အကျိုးခံစားခွင့် ရရှိလာဦးမှာ ဖြစ်ပါတယ်။
တိုက်စစ်မှူးဂွန်ဇာလိုဂါစီယာမှာ ပြီးခဲ့တဲ့ရာသီတုန်းက ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၃၉ ပွဲကစားခဲ့ရာမှာ ၈ ဂိုးသွင်းကာ ၃ ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။
သူဟာ ၂၀၂၃ ခုနှစ်တွင် ရီးရဲလ်မက်ဒရစ်စီနီယာအသင်းသို့ တက်လှမ်းလာနိုင်ပြီးနောက် စုစုပေါင်း ၅၁ ပွဲကစားထားရာမှာ ၁၃ ဂိုးသွင်းပြီး ၅ ကြိမ် ဖန်တီးထားပါတယ်။
ပလာစီယို့စ်မှာလည်း အာဘီလိုအာလက်ထက်တွင် ရီးရဲလ်မက်ဒရစ်ပထမအသင်းအတွက် စတင်ကစားခွင့်ရရှိခဲ့ပြီး ပြိုင်ပွဲအရပ်ရပ် ၇ ပွဲကစားခွင့်ရခဲ့ပါတယ်။

image