ပရီးမီးယားလိဂ်တွင် တကျော့ပြန်ကစားရန် ဆွေးနွေးနေတဲ့ အာဆင်နယ်ရဲ့ ဂျပန်နောက်ခံလူဟောင်း
====================
ခရစ္စတယ်ပဲလေ့စ်ဟာ အာဆင်နယ်နောက်ခံလူဟောင်းတာကီဟီရိုတိုမီယာဆုကို အပြီးသတ်ခေါ်ယူရေး ဆွေးနွေးနေပါတယ်။
တိုမီယာဆုဟာ ခရစ္စတယ်ပဲလေ့စ်နှင့်အတူ လေ့ကျင့်ခန်းဆင်းနေပြီး အင်္ဂါနေ့တုန်းက လန်းစ်နှင့် ကစားတဲ့ ရာသီကြိုခြေစမ်းပွဲတွင် ပါဝင်ကစားသွားခဲ့ပါတယ်။
ဂျပန်လက်ရွေးစင်နောက်ခံလူဟာ ပဲလေ့စ်နှင့် ပြောင်းရွှေ့ရေး ဆွေးနွေးမှုများ ပြုလုပ်ထားပြီးပြီလို့ ယုံကြည်ရပါတယ်။
ပဲလေ့စ်နည်းပြပီယာရီဆေ့ချ်ဟာ နောက်တန်း ၃ ဦးစနစ်ကို သဘောကျသူ ဖြစ်ပြီး တိုမီယာဆုမှာ ခံစစ်မှူးအဖြစ်သာမက ဘယ်နောက်ခံလူအဖြစ်လည်း ကစားနိုင်သူ ဖြစ်ပါတယ်။
တိုမီယာဆုဟာ ဒူးဒဏ်ရာပြဿနာကြုံရပြီးနောက် အာဆင်နယ်နှင့်တစ်နှစ်ကျန်စာချုပ်အား ဖျက်သိမ်းကာ ထွက်ခွာခဲ့ရကာ အေဂျက်စ်သို့ ပြောင်းရွှေ့ကစားခဲ့ပါတယ်။
ပဲလေစ်ဟာ ပြင်သစ်နောက်ခံလူမာဆင့်လာခရော့စ်အား ချဲလ်ဆီးသို့ ရောင်းချရန် သဘောတူညီထားပြီးနောက် ခံစစ်ကို အားဖြည့်ရန် လိုအပ်နေပါတယ်။
ပဲလေ့စ်ဟာ အော့ဘတ်နောက်ခံလူခရစ္စလိန်းမက်ဆီမာကို ယူရိုသန်း ၃၀ ဖြင့် ခေါ်ယူရေး ဆွေးနွေးနေသလို ချဲလ်ဆီးနောက်ခံလူဂျို့စ်အာချီယန်ပေါင်ကိုလည်း အငှားဖြင့် ခေါ်ယူရန် စိတ်ဝင်စားနေပါတယ်။