ကလပ်သစ်တွင် အမည်ပြောင်းလဲ ကစားလာရတော့မယ့် ကမ္ဘာ့ဖလားသူရဲကောင်းဗိုဇင်ညာ
=====================

ကမ္ဘာ့ဖလားသူရဲကောင်းဗိုဇင်ညာဟာ ကလပ်သစ် ကိုလိုကိုလိုတွင် ဗိုဇင်ညာဆိုတဲ့ပါ အင်္ကျီကို ဝတ်ဆင်ကစားလာနိုင်မှာ မဟုတ်ပါဘူး။
အသက် ၄၀ နှစ်ရှိ ကိတ်ဗာဒီဂိုးသမားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လက်စွမ်းပြကစားပြီးနောက် နေ့ချင်းညချင်း ကမ္ဘာကျော်သွားခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ကမ္ဘာ့ဖလားအပြီးမှာတော့ ချီလီထိပ်သီးကလပ် ကိုလိုကိုလိုသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ လိဂ်စည်းမျဉ်းအရ ဗိုဇင်ညာဆိုတဲ့အမည်ကို အင်္ကျီတွင် အသုံးပြုခွင့် မရှိပါဘူး။
တကယ်လို့ သူသာ ဗိုဇင်ညာဆိုတဲ့အမည်ကို အသုံးပြုပါက ကွင်းအတွင်းသို့ ဝင်ရောက်ချိန်တွင်ပင် အဝါကတ်ပြသခြင်းခံရမှာ ဖြစ်သလို ကလပ်မှာလည်း ဒဏ်ရိုက်ခြင်းခံရပါမယ်။
ချီလီလိဂ်တွင် ကစားသမားများအား အမည်ပြောင်အသုံးပြုခွင့်မပေးဘဲ အမည်ရင်းထဲမှ တစ်ခုကိုသာ အသုံးပြုခွင့်ပေးပါတယ်။
ဗိုဇင်ညာရဲ့ မွေးစာရင်းရင်းမှာ ဂျိုဆီမာဂျို့စ်အီဗိုရာဒီယာ့စ်ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားတွင် ကမ္ဘာကျော်ခဲ့တဲ့ ဗိုဇင်ညာရဲ့အမည်ရင်းကို မည်သူကမျှ မသိပါဘူး။
ဒါပေမဲ့လည်း ဗိုဇင်ညာဟာ ရာသီသစ်မှာတော့ ‘Evora’၊ ‘Dias’ သို့မဟုတ် ‘Evora Dias’ စတဲ့အမည်ကို အသုံးပြုလာရပါမယ်။

image