3 ရက် - ဘာသာပြန်ပါ။

စပါးစ်ရဲ့ စိတ်ဝင်စားခြင်းခံလာရပြီးနောက် မန်စီးတီးမှ ထွက်ခွာရန် ဆာဗင်ဟို တံခါးဖွင့်ပေးလာ
====================

မန်စီးတီးတောင်ပံကစားသမားဆာဗင်ဟိုဟာ စပါးစ်သို့ ပြောင်းရွှေ့ရေး စိတ်ဝင်စားနေမှုနှင့်အတူ မန်စီးတီးမှ ထွက်ခွာရန် တံခါးဖွင့်ပေးလာပါတယ်။
ဘရာဇီးတောင်ပံကစားသမားဟာ စပါးစ်နည်းပြရောဘတ်တိုဒီဇာဘီရဲ့ အဓိကပစ်မှတ်တစ်ဦးဖြစ်ပါတယ်။
စပါးစ်ဟာ ပြီးခဲ့တဲ့နွေရာသီတုန်းကလည်း ဆာဗင်ဟိုအား ခေါ်ယူရေး ကြိုးပမ်းခဲ့ဖူးပါတယ်။
ယခုနွေရာသီမှာတော့ ဆာဗင်ဟိုကိုယ်တိုင်က မန်စီးတီးမှ ထွက်ခွာရန် စိတ်အားထက်သန်နေကာ စပါးစ်သို့ ပြောင်းရွှေ့လိုနေပါတယ်။
ဆာဗင်ဟိုဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လတုန်းက မန်စီးတီးရဲ့ ညီအစ်မကလပ် ထရိုယက်စ်မှ ‌ပေါင် ၃၀.၈ သန်းဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပြီး စပိန်ကလပ် ဂီရိုနာတွင် အငှားဖြင့် သွားကစားဖူးပါတယ်။
သူဟာ ပြီးခဲ့တဲ့နွေတုန်းက စပါးစ်သို့ ပြောင်းရေး ပျက်ပြယ်ခဲ့ပြီးနောက် မန်စီးတီးနှင့် ၂၀၃၁ ခုနှစ် အထိ စာချုပ်သက်တမ်းတိုးချုပ်ဆိုခဲ့သူလည်း ဖြစ်ပါတယ်။
ဆာဗင်ဟိုဟာ မန်စီးတီးတွင် ကစားတဲ့ ပထမရာသီတုန်းက ဂွါဒီယိုလာလက်အောက်မှာ ပုံမှန်ကစားခွင့်ရရှိခဲ့ကာ ၄၈ ပွဲအထိ ကစားခွင့်ရခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ ပြီးခဲ့တဲ့ရာသီမှာတော့ အကန့်အသတ်ဖြင့်သာ ကစားခွင့်ရလာပြီး ၃၆ ပွဲသာ ကစားခွင့်ရခဲ့ပါတယ်။
ဆာဗင်ဟိုဟာ ပွဲထွက်ကစားသမားနေရာအတွက် ရိုင်ယန်ချာကီ၊ အန်တိုနီဆီမန်ယိုတို့နှင့် ယှဉ်ပြိုင်နေရပါတယ်။

image