ကစားသမားဘဝမှ ခရစ္စတီယာနိုရော်နယ်ဒို ပေါ်တူဂီလက်ရွေးစ်ကစားသမားဘဝမှ အနားယူမယ့်ရက် ထွက်ပေါ်လာ
===================

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ပေါ်တူဂီလက်ရွေးစင်ကစားသမားဘဝမှ အနားယူမယ့်ရက် ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၄၁ နှစ်ရှိ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ၂၀၂၂ ခုနှစ်တွင် ယူနိုက်တက်မှ ထွက်ခွာပြီးနောက် ဆော်ဒီပရိုလိဂ်ကလပ် Al-Nassr တွင် ကစားလာခဲ့သူ ဖြစ်ပါတယ်။
သူဟာ နွေရာသီတုန်းက ပေါ်တူဂီနှင့်အတူ ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားကစားခဲ့ပေမဲ့လည်း ကစားသမားဘဝ အကြီးမားဆုံးဆုအား ရယူနိုင်ခဲ့ခြင်း မရှိပါဘူး။
သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၃ ဂိုးတည်းသာ သွင်းနိုင်ခဲ့ကာ ပေါ်တူဂီအတွက် ၂၂၃ ပွဲကစားထားရာမှာ ၁၄၆ ဂိုးသွင်းထားပါတယ်။
ရော်နယ်ဒိုဟာ Al-Nassr နှင့်အတူ ဘောလုံးဆက်ကစားလာဦးမှာ ဖြစ်ပေမဲ့ လက်ရွေးစင်ကစားသမားဘဝမှ အနားယူတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
ယနေ့ထွက်ပေါ်လာတဲ့သတင်းအရ ခရစ္စတီယာနိုရော်နယ်ဒိုဟာ စက်တင်ဘာလတွင် ဝေးလ်နှင့် ကစားမယ့် နေးရှင်းလိဂ်ပွဲစဉ်အပြီးတွင် လက်ရွေးစင်ကစားသမားဘဝမှ အနားယူလာတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
အထက်ပါသတင်းနှင့်ပတ်သက်ပြီး ခရစ္စတီယာနိုရော်နယ်ဒို (သို့မဟုတ်)ပေါ်တူဂီဘောလုံးအဖွဲချုပ်တို့က တရားဝင် အတည်ပြုထားခြင်းတော့ မရှိသေးပါဘူး။
ပေါ်တူဂီဟာ စက်တင်ဘာလ ၂၄ ရက်နေ့မှာ စပို့တင်းလစ္စဘွန်းရဲ့ Estádio José Alvalade ကွင်းတွင် ဝေးလ်နှင့် နေးရှင်းလိဂ်ပွဲ ကစားရပါမယ်။
စပို့တင်းလစ္စဘွန်းမှာ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ကစားသမားဘဝ စတင်ရာ နေရာဖြစ်ရာ Estádio José Alvalade မှာ သူ့အတွက် လက်ရွေးစင်ကစားသမားဘဝမှ အနားယူရန် အကောင်းဆုံးနေရာလည်း ဖြစ်နေတာ အမှန်ပါ။

image