ယူရို ၂၀၂၈ ပူးတွဲအိမ်ရှင် အင်္ဂလန်တို့ တိုက်ရိုက်ခြေစစ်ပွဲမအောင်မြင်ပေမဲ့ ၂၀၃၀ ကမ္ဘာ့ဖလားတွင် ၁ ပွဲတည်းသာ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရတဲ့ အာဂျင်တီးနားတို့ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်လာ
=====================
အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၈ ပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပလာမှာ ဖြစ်ပေမဲ့လည်း တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရရှိလာမှာ မဟုတ်ပေမဲ့လည်း အာဂျင်တီးနားကတော့ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက်ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိလာပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အဖြစ်အပျက်များကြောင့် အနာဂတ်ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ကစားခွင့်ပိတ်ပင်ရန် သန်းပေါင်းများစွာသော တစ်ကမ္ဘာလုံးမှ ဘောလုံးပရိသတ်များရဲ့ လက်မှတ်ရေးထိုးတောင်းဆိုခြင်းခံခဲ့ရပေမဲ့လည်း နောင် ၄ နှစ်တွင် ကျင်းပလာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နေရာတစ်နေရာ အခိုင်အမာ ရရှိထားပြီ ဖြစ်ပါတယ်။
လီယွန်နယ်စကာလိုနီရဲ့အာဂျင်တီးနားအသင်းဟာ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အဖွင့်ပွဲတစ်ပွဲတည်းသာကိုသာ အိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိထားပေမဲ့လည်း ပူးတွဲအိမ်ရှင်အဖြစ် တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရထားပါတယ်။
၂၀၃၀ ကမ္ဘာ့ဖလားပူးတွဲအိမ်ရှင်များဖြစ်ကြတဲ့ စပိန်၊ ပေါ်တူဂီနှင့်မော်ရိုကိုတို့ကလည်း တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရထားကြပါတယ်။
ဒါပေမဲ့ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကမ္ဘာ့ဖလားရာပြည့်ပြိုင်ပွဲဖြစ်နေပြီး တောင်အမေရိကအသင်းများဖြစ်ကြတဲ့ ဥရုဂွေး၊ အာဂျင်တီးနားနှင့် ပါရာဂွေးအသင်းတို့ကလည်း အဖွင့်ပွဲတစ်ပွဲစီအား ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပလာကြပါမယ်။
တဖက်မှာ အင်္ဂလန်က အသင်း ၂၄ သင်းယှဉ်ပြိုင်မယ့် ယူရို ၂၀၂၈ ပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပလာမှာ ဖြစ်ပေမဲ့လည်း တိုက်ရိုက်ယှဉ်ပြိုင်ခွင့်မရဘဲ ခြေစစ်ပွဲမှ တဆင့် ယှဉ်ပြိုင်ရပါမယ်။
အင်္ဂလန်ဟာ ယူရို ၂၀၂၈ ပြိုင်ပွဲ ပွဲစဉ်များအား တော့တင်ဟမ်ဟော့စပါးကွင်း၊ အီတီဟတ်၊ အဲဗာတန်ရဲ့ဟေးလ်ဒစ်ကင်ဆင်၊ စိန့်ဂျိမ်းစ်ပါ့ခ်နှင့် ဗီလာပါ့ခ်တို့မှာ လက်ခံကစားလာပါမယ်။
ပုံမှန်အားဖြင့် နိုင်ငံတကာပြိုင်ပွဲများတွင် ပူးတွဲအိမ်ရှင်များမှာ ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ခွင့် ရရှိထားပါတယ်။ ယခုနှစ် ၂၀၂၆ ကမ္ဘာ့ဖလားပူးတွဲအိမ်ရှင် မက္ကဆီကို၊ အမေရိကန်နှင့် ကနေဒါတို့မှာလည်း တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။
ဒါပေမဲ့ ယူအီးအက်ဖ်အေရဲ့ခြေစစ်ပွဲစည်းမျဉ်းသစ်အရ အင်္ဂလန်အသင်းမှာလည်း ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ယူရို ၂၀၂၈ ပြိုင်ပွဲတွင် အသင်း ၄ သင်း သို့မဟုတ် ၅ သင်းပါ အုပ်စု ၁၂ ခုမှ ၁ ခုတွင် ကစားကာ ခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အထူးအခွင့်အရေး ရရှိလာမှာ မဟတ်ပါဘူး။
ယူရို ၂၀၂၈ ပူးတွဲအိမ်ရှင်များဖြစ်ကြတဲ့ စကော့တလန်၊ ဝေးလ်၊ အိုင်ယာလန်တို့မှာလည်း ခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ရေး ကြိုးပမ်းရပါမယ်။
အုပ်စု ၁၂ ခုတို့မှ အုပ်စုပထမအသင်းများက တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်လာမှာ ဖြစ်သလို အကောင်းဆုံးဒုတိယအသင်း ၈ သင်းကလည်း တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်လာပါမယ်။
ကျန် ၄ သင်းနေရာမှ ၂ ကို ယူရိုခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ခြင်းမရှိတဲ့ အိမ်ရှင် ၂ သင်းအား ပေးလာပါမယ်။
ယင်းသို့ အခြေအနေအကြောင့် အင်္ဂလန်အနေဖြင့် ခြေစစ်ပွဲအောင်မြင်ရေး အခွင့်အရေးများစွာ ရှိနေပေမဲ့လည်း ယူရို ၂၀၂၈ ပူးတွဲအိမ်ရှင်အားလုံး သို့မဟုတ် ၃ သင်း ခြေစစ်ပွဲမအောင်မြင်လာပါက ကမ္ဘာ့အဆင့်ရပ်တည်မှုအပေါ် မူတည်ပြီး ဆုံးဖြတ်လာပါမယ်။
အင်္ဂလန်ကတော့ လက်ရှိအချိန်တွင် ယူရို ၂၀၂၈ ပူးတွဲအိမ်ရှင်များတွင် ကမ္ဘာ့အဆင့်ရပ်တည်မှု အကောင်းဆုံးဖြစ်ရာ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ရန် အခြေအနေကောင်းများ ပိုင်ဆိုင်နေတုန်းပါ။
ဒါပေမဲ့ တဖက်မှာ အာဂျင်တီးနားကတော့ ၁ ပွဲတည်းသာ အိမ်ရှင်အဖြစ် ကျင်းပပြီး ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ခြေစစ်ပွဲမဝင်ဘဲ ယှဉ်ပြိုင်ခွင့်ရသွားပြီ ဖြစ်ပါတယ်။