ချဲလ်ဆီး၊ စပါးစ်အပါအဝင် ပရီးမီးယားလိဂ်ကလပ် ၈ ခုတို့ အင်္ကျီဈေးနှုန်းတိုးမြှင့်သတ်မှတ်လာမှုအပေါ် ပရိသတ်များ ဒေါသထွက်နေကြ
=====================
ချဲလ်ဆီး၊ စပါးစ် အပါအဝင် ပရီးမီးယားလိဂ်ကလပ် ၈ ခုတို့ဟာ အင်္ကျီဈေးနှုန်းအား တိုးမြှင့်သတ်မှတ်လာကြပါတယ်။
ထောင်ပေါင်းများစွာသော ဘောလုံးပရိသတ်များဟာ လာမယ့်လတွင် စတင်တော့မယ့် ရာသီသစ်စတင်ချိန်တွင် သူအားပေးတဲ့အသင်းအင်္ကျီအတွက် ပေါင် ၉၀ အထိ ဈေးပေးပြီး ဝယ်ယူအားပေးလာကြရတော့မှာလည်း ဖြစ်ပါတယ်။
စပါးစ်ပရိသတ်များဟာ ပြီးခဲ့တဲ့ရာသီတုန်းကထက် ၅ ပေါင် ဈေးတက်ပြီး ပေါင် ၉၀ ဖြင့် အင်္ကျီဝယ်ယူလာရမှာ ဖြစ်သလို ချဲလ်ဆီးကလည်း ၅ ပေါင် တိုးမြှင်သတ်မှတ်ပြီး ၈၉.၉၉ ဖြင့် ဝယ်ယူလာကြရပါမယ်။
ဆန်းဒါးလန်းနှင့် ကိုဗင်ထရီတို့က ပြီးခဲ့တဲ့ရာသီတုန်းကထက် ၁၀ ပေါင် တိုးမြှင့်သတ်မှတ်ကာ ပေါင် ၆၀ မှ ပေါင် ၇၀ သို့အထိ တိုးမြှင့်သတ်မှတ်လာပါတယ်။
အစ္စဝှစ်ချ်တောင်းက ၆ ပေါင် တိုးမြှင့်သတ်မှတ်ကာ ၆၅ ပေါင်ဖြင့် ရောင်းချလာပြီး လိဒ်၊ ဘုန်းမောက်၊ ဟားလ်စီးတီးတို့ကလည်း ၅ ပေါင်စီ သတ်မှတ်လာပါတယ်။
ပျမ်းမျှ အင်္ကျီဈေးနှုန်းမှာ ၇၇.၂၀ ပေါင် ဖြစ်လာပါတယ်။
ပရီးမီးယားလိဂ်ကလပ် ၁၀ ခုက ၎င်းတို့ရဲ့အင်္ကျီကို ပေါင် ၈၀ နှင့်အထက် သတ်မှတ်ထားပါတယ်။
ပရီးမီးယားလိဂ်တွင် ဈေးနှုန်းအသက်သာဆုံးအင်္ကျီ ရောင်းချမှုအဖြစ် ဘရန့်ဖို့ဒ်က ဆက်လက် ရပ်တည်နေပြီး ၂ နှစ်တိုင်တိုင် ဈေးအသက်သာဆုံးအဖြစ် ရပ်တည်နေပါတယ်။
ပရိသတ်များမှာ အင်္ကျီတွင် ကျောနံပါတ်၊ အမည်နှင့် လိုဂိုထပ်မံ ထည့်သွင်းပါက ထပ်မံငွေပေးရပါဦးမယ်။
ဒါ့အပြင် စပါးစ်ဟာ ကလေးအင်္ကျီများကိုလည်း ပေါင် ၇၀ ဖြင့် ရောင်းချကာ ဈေးအမြင့်ဆုံးအဖြစ် ရပ်တည်နေပါတယ်။
ကိုဗင်ထရီမှာလည်း ကလေးဝတ်အင်္ကျီကို ၂၅ ရာခိုင်နှုန်းတိုးမြှင့်ပြီး ပေါင် ၆၀ အထိ သတ်မှတ်လာပါတယ်။