ကျွန်တော် မန္တလေးမှာ ကားသုံးတယ်။ ရုံးသွားရင် ကားရပ်ဖို့နေရာ ရှာရတာ ခေါင်းကိုက်တယ်။ လမ်းဘေးမှာ ရပ်လို့ရပေမယ့် ရဲက အဆပ်များတယ်။ ကားပါကင်လည်း ဈေးကြီးတယ်။ တစ်နာရီကို ကျပ် ၁၀၀၀ လောက်ပေးရတယ်။
လွန်ခဲ့တဲ့ နှစ်လလောက်က သူငယ်ချင်းတစ်ယောက်က အက်ပလီကေးရှင်းတစ်ခု ပြပါတယ်။ တရုတ်မှာ ကားပါကင်နေရာရှာတဲ့အက်ပ်ရှိတယ်။ ဖုန်းနဲ့ အနီးဆုံးကားပါကင်ကို ရှာလို့ရတယ်။ ဈေးနှုန်းလည်း ကြိုသိနိုင်တယ်။
ကျွန်တော် အံ့သြသွားတယ်။ မန္တလေးမှာလည်း ဒီလိုအက်ပ်မျိုး သုံးနိုင်ရင် ဘယ်လောက်ကောင်းမလဲ။ ကားရပ်ဖို့ မိုင်နဲ့ချီ ပတ်နေစရာမလိုဘူး။
ဒီလိုနည်းပညာတွေ မြန်မာပြည်ကိုရောက်လာရင် ကားသမားတွေအတွက် အဆင်ပြေမယ်။ အချိန်လည်းကုန်သက်သာမယ်။ စိတ်လည်းအေးမယ်။