2 ရက် - ဘာသာပြန်ပါ။

အာဆင်နယ်သို့ ရောက်လာပြီး ၂ ရက်အကြာ ခြေစမ်းပွဲတွင် ဖန်တီးမှု ပြုလုပ်ပြီး အရည်အချင်းကို ပြသလာတဲ့ တီဇိုလစ်
=======================

အာဆင်နယ်ကစားသမားသစ်ခရစ္စတော့စ်တီဇိုလစ်ဟာ ကလပ်သို့ ရောက်လာပြီး ၂ ရက်အကြာ အမ်ကေဒွန်းနှင့် ကစားတဲ့ ခြေစမ်းပွဲစဉ်မှာ ဖန်တီးမှု ပြုလုပ်ပြီး သူ့အရည်အချင်းကို ပြသလာပါတယ်။
အာဆင်နယ်ဟာ စနေနေ့တုန်းက ကလပ်ရဲ့ Sobha Realty Training Centre တွင် အမ်ကွေဒွန်းနှင့် တံခါးပိတ်ခြေစမ်းပွဲ ကစားခဲ့တာ ဖြစ်ပြီး ၃-၀ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
အသက် ၂၄ နှစ်ရှိ ဂရိလက်ရွေးစင်စတားဟာ ယင်းပွဲစဉ်တွင် အာဆင်နယ်ရဲ့ ဘယ်တောင်ပံမှာ ကစားသွားခဲ့ပြီး ပွဲအစ ၁၀ မိနစ်တွင်ပင် နယ်ဆင် ဂိုးသွင်းနိုင်ဖို့ ဖန်တီးပေးနိုင်ခဲ့ပါတယ်။
ကလပ်ဘရုဂျက်မှ ဂရိကစားသမားတစ်ဦးအတွက် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းဖြင့် ပြောင်းလာတဲ့ တီဇိုလစ်ဟာ ပထမပိုင်းတွင် ဘယ်တောင်ပံခြမ်းတွင် ပြိုင်ဘက်အသင်းအား လွမ်းမိုးကစားသွားနိုင်ခဲ့ပါတယ်။
အထူးသဖြင့် သူဟာ ဘယ်နောက်ခံလူရီကာဒိုကာလာဖီအိုရီနှင့် အတွဲညီညီ ကစားသွားပါတယ်။
ယင်းပွဲစဉ်တွင် အာဆင်နယ်အတွက် ဒုတိယဂိုးအား ပထမပိုင်းမပြီးခင်မှာ အီသန်နဝမ်နရီက သွင်းယူသွားခဲ့ပါတယ်။
ဒုတိယပိုင်းတွင် အာတီတာဟာ ကီပါ၊ မာလီဆယ်လမွန်၊ လူးဝစ်ကော့ပ်လေတို့ကလွဲပြီး ကစားသမား ၈ ဦးအထိ အပြောင်းအလဲလုပ်ခဲ့ပါတယ်။
ဒုတိယပိုင်းတွင် အေဂပ်စ်တီယန်ရဲ့ ဖန်တီးမှုကနေ အိုနေးလ်က အာဆင်နယ်အတွက် တတိယဂိုးအား သွင်းယူသွားခဲ့ပါတယ်။

image