တိုင်းရင်းဆေးဝါးဥပဒေများကို ပြန်လည်သုံးသပ်၍ အရည်အသွေးမြင့် တိုင်းရင်းဆေးများ ထွက်ပေါ်လာရေး ဝိုင်းဝန်းကူညီကြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

တိုင်းရင်းဆေးဝါး ဥပဒေများကို ပြန်လည်လေ့လာသုံးသပ်၍ အရည်အသွေးမြင့်မားသော တိုင်းရင်းဆေးများ ထွက်ပေါ်လာရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဇူလိုင် ၂၇ ရက်က ကျန်းမာရေးနှင့် အားကစားဆိုင်ရာ ကော်မတီဝင်များနှင့် တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားခဲ့သည်။
ထို့အပြင် ကျန်းမာရေးနှင့် ပတ်သက်သည့် ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးရေးဆိုင်ရာ စံချိန်စံညွှန်းများကို လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရန် ဝိုင်းဝန်းကူညီကြရန်လည်း ဥက္ကဋ္ဌ ဦးခင်ရီက တိုက်တွန်းခဲ့သည်။
ကော်မတီအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကျန်းမာရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်၊ ကျန်းမာရေးစင်တာများ၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးပေးခန်းများနှင့် ခရိုင်အဆင့်၊ မြိုနယ်အဆင့် အားကစားဌာနများကိုလည်း သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့်ပေါင်းစပ်၍ ကွင်းဆင်းကြည့်ရှုကာ လိုအပ်ချက်များကို တင်ပြနိုင်ရန် ဆောင်ရွက်စေလို‌ကြောင်းလည်း ၄င်းက ဆိုသည်။
တစ်ဆက်တည်းမှာပင် အားကစားကဏ္ဍ မြင့်မားရေးအတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်နိုင်ရန် လိုအပ်သည့် ဥပဒေများကို ပြဋ္ဌာန်းပေးရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

image