3 ပတ် - ဘာသာပြန်ပါ။

စပါးစ်တွင် မပျော်တော့တဲ့ ကစားသမားများအား ထွက်ခွာသွားကြရန် ရောဘတ်တိုဒီဇာဘီ ပြောကြားလာ
====================

စပါးစ်နည်းပြရောဘတ်တိုဒီဇာဘီက ကလပ်တွင် မပျော်တော့တဲ့ ကစားသမားများအနေဖြင့် ယခုနွေရာသီတွင် အခြားကလပ်များသို့ ပြောင်းရွှေ့သင့်ကြောင်း ပြောကြားလာပါတယ်။
ပြီးခဲ့တဲ့မတ်လနှောင်းပိုင်းတွင် စပါးစ်နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတဲ့ ရောဘတ်တိုဒီဇာဘီဟာ အသင်းကို ပရီးမီးယားလိဂ်တွင် တင်ကျန်ရစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
သူဟာ ဆွီဒင်လက်ရွေးစင်လူးကပ်စ်ဘတ်ဗေးလ်ရဲ့ အနာဂတ်မရေမရာ ဖြစ်နေမှုနှင့်အတူ အထက်ပါအတိုင်း ပြောဆိုလာတာလည်း ဖြစ်ပါတယ်။
စပါးစ်ဟာ ဘတ်ဗေးလ်အတွက် နော်တင်ဟမ်ဖောရက်စ်ရဲ့ ပေါင် ၃၈သန်းဖြင့် ကမ်းလှမ်းမှုအား ပယ်ချထားပြီး ဖြစ်ပါတယ်။ ဖောရက်စ်ဟာ ဘတ်ဗေးလ်ကို ခေါ်ယူရေး လက်မလျှော့သေးဘဲ ပေါင် ၄၅ သန်းဖြင့် ခေါ်ယူရေး ကမ်းလှမ်းလာဖို့ ရှိနေပါတယ်။
တနင်္ဂနွေနေ့တွင် နယူးဇီလန်မှာ Auckland FC မှာ ကစားမယ့် ရာသီကြိုခြေစမ်းပွဲစဉ်မတိုင်မီ ရောဘတ်တိုဒီဇာဘီက "စပါးစ်နည်းပြဘဝအစကတည်းက ပြောထားပြီးသားပါ။ စပါးစ်မှာ ဆက်မကစားချင်တော့တဲ့သူ၊ မပျော်တော့တဲ့သူ၊ ဒီမှာ ရှိနေရတာ ဂုဏ်မယူတဲ့သူတွေအနေနဲ့ ထွက်ခွာနိုင်တယ် လို့ ပြောထားပြီးသားပါ။ ဒီမှာ ဆက်နေဖို့ ပျော်တဲ့ ဂုဏ်ယူတဲ့ ကြီးမားတဲ့ စိတ်အားထက်သန်မှုနဲ့ Tottenham Hotspur Stadium ကွင်းကို သွားကစားချင်တဲ့ ကစားသမားတွေကိုပဲ အလိုရှိတယ်။ ဒါက ဘောလုံး ဖြစ်နေလို့ပါ။ ကမ္ဘာ့ဖလားကို တွေးကြည့်လိုက်ပါ။ စိတ်အားထက်သန်မှု ကွဲပြားတာ တွေ့ရပါမယ်။ စိတ်အားထက်သန်မှုက အသင်းမှာ ပျော်ပျော်ကြီး ဆက်နေဖို့ ဖြစ်ပါတယ်"လို့ ပြောကြားသွားပါတယ်။
ဘတ်ဗေးလ်ဟာ ၂၀၂၄ ခုနှစ်တုန်းက ဆွီဒင်ကလပ် Djurgarden မှ ပြောင်းလာသူ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းတုန်းက ရောဘတ်တိုဒီဇာဘီလက်ထက်တွင် အချိန်အကန့်အသတ်ဖြင့်သာ ပွဲကစားခဲ့ရသူ ဖြစ်ပါတယ်။
အသက် ၂၀ နှစ်ရှိ ဘတ်ဗေးလ်ဟာ ဒီဇာဘီရဲ့ ပထမဆုံးပွဲဖြစ်တဲ့ ဆန်းဒါးလန်းအား ၁-၀ ဖြင့် ရှုံ့းနိမ့်တဲ့ပွဲတွင် ပွဲထွက်ကစားခွင့်ရခဲ့ပေမဲ့ နောက်ဆုံး ၄ ပွဲတွင် အရန်အဖြစ်သာ ကစားခဲ့ရပါတယ်။
စပါးစ်ဟာ ယခုနွေရာသီတွင် ဆန်ဒရိုတိုနာလီနှင့် မားတီးယပ်စ်ဖာနန်ဒက်စ်တို့အား ပေါင် ၁၈၅ သန်းဖြင့် ခေါ်ယူကာ ကွင်းလယ်ကို အားဖြည့်ထားပြီး ဖြစ်ပါတယ်။
ဆက်လက်ပြီး ရောဘတ်တိုဒီဇာဘီက လာမယ့် ရက်ပိုင်းအတွင်း ဘတ်ဗေးလ်နှင့် ဆွေးနွေးမှုများ ပြုလုပ်ကာ အားလုံးအတွက် အကောင်းဆုံးဖြစ်လာမယ့် ဆုံးဖြတ်ချက်ချမှတ်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားထားပါတယ်။
စပါးစ်ဟာ ယခုနွေရာသီတွင် နောက်ခံလူများဖြစ်ကြတဲ့ ဂျန်ပေါလ်ဗန်ဟက်ကီ၊ အင်ဒီရောဘတ်ဆင်၊ မားကို့စ်ဆီနီဆီတို့ကိုလည်း ခေါ်ယူထားပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ ရောဘတ်တိုဒီဇာဘီက စပါးစ်ရဲ့ ယခုနွေရာသီ ကစားသမားခေါ်ယူအားဖြည့်မှုမှာ မပြီးပြတ်သေးကြောင်း ပြောကြားသွားပါတယ်။

image